Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Tom Hardy ပါဝင်သော ပထမဆုံး Venom ဇာတ်လမ်းနမူနာနှင့် ပိုစတာ ထွက်ရှိလာ

Tom Hardy ပါဝင်သော ပထမဆုံး Venom ဇာတ်လမ်းနမူနာနှင့် ပိုစတာ ထွက်ရှိလာ

| No comment

မနေ့က ပိုစတာ ထွက်ရှိလာပြီးနောက် Sony Pictures က Venom ဇာတ်ကားအတွက် ပထမဆုံး ဇာတ်လမ်းနမူနာကို ဖော်ပြလိုက်ပါပြီ။

ဒီဇာတ်ကားမှာ Tom Hardy က Venom ကို လက်ခံထားတဲ့ Eddie Brock အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူနှင့်အတူပါဝင်မည့်သူများကတော့ Michelle Williams (The Greatest Showman), Riz Ahmed (Rogue One: A Star Wars Story), Jenny Slate (Zootopia) နှင့် Woody Harrelson (the Hunger Games franchise, True Detective) တို့ဖြစ်ပါတယ်။

Venom ဇာတ်ကားက Sony ၏ Marvel Universe မှ ဇာတ်ကောင်ဖြစ်ပြီး Sony က Tom Holland ကို Spider-Man အဖြစ် သရုပ်ဆောင်ခွင့်ပြုထားတဲ့ လက်ရှိ Marvel Cinematic Universe မှ ခွဲထွက်လာခြင်းမဟုတ်ပါဘူး။ ဒီဇာတ်ကားကို Avi Arad နှင့် Matt Tolmach တို့က Amy Pascal နှင့်အတူ ထုတ်လုပ်ထားပြီး Palak Patel နှင့် Eric Fineman တို့က Columbia Pictures အတွက် ကြီးကြပ်ကွပ်ကဲထားပါတယ်။

ဒါရိုက်တာ Ruben Fleischer (Zombieland, Gangster Squad) က ရိုက်ကူးထားပြီး Scott Rosenberg (Pain & Gain, Jumanji) နှင့် Jeff Pinkner (The Amazing Spider-Man 2) တို့ ရေးသားထားတဲ့ Venom ဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှာ ပြသမှာဖြစ်ပါတယ်။

Spider-Man က ဝတ်ဆင်တဲ့ ဂြိုဟ်သားဝတ်စုံအဖြစ် ၁၉၄၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Marvel‘s The Amazing Spider-Man #252 ရုပ်ပြစာအုပ်ဇာတ်လမ်းတွဲထဲမှာ ပထဆုံးပါဝင်ခဲ့တာဖြစ်ပြီး ဒါကတော့ ဒီသတ္တဝါက Peter Parker ကို စွန့်ခွာပြီး ဓာတ်ပုံဆရာ Eddie Brock နှင့် ပေါင်းစည်းကာ Venom ဟုခေါ်သော antihero ဖြစ်မလာခင် နှစ်ပေါင်းများစွာကဖြစ်ပါတယ်။ အဲဒီကတည်းက ဒီဇာတ်ကောင်ဟာ မတူညီတဲ့ ပုံသဏ္ဍန်မျိုးစုံနှင့် ပါဝင်ခဲ့တာဖြစ်ပြီး မတူညီတဲ့ လက်ခံသူမျိုးစုံထံမှာ ကပ်တွယ်ခဲ့တာဖြစ်ပါတယ်။ “Ultimate” Marvel Universe ထဲမှာတော့ ဒီဝတ်စုံကို Parker နှင့် Brock ရဲ့ သိပ္ပံပညာရှင် မိဘများက ကင်ဆာရောဂါကို ကုသဖို့ တီထွင်ခဲ့တာဖြစ်ပါတယ်။ သိပ်မကြာသေးခင်က ထွက်ခဲ့တဲ့ ဇာတ်လမ်းထဲမှာတော့ Venom သဟဇီဝဟာ Mac Gargan (aka The Scorpion) နှင့် Peter Parker ၏ အထက်တန်းကျောင်းက ပြိုင်ဖက်ဟောင်း Flash Thompson တို့အပါအဝင် လက်ခံသူတွေကြားထဲမှာ ကူးသန်းသွားလာနေတာဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Source: Comingsoon