Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / tvN ဇာတ်လမ်းတွဲသစ်တွင် Lee Joon Gi ပါဝင်မည်ဖြစ်ကြောင်း အတည်ပြု

tvN ဇာတ်လမ်းတွဲသစ်တွင် Lee Joon Gi ပါဝင်မည်ဖြစ်ကြောင်း အတည်ပြု

| No comment


Lee Joon Gi က tvN ရုပ်သံမှ ထုတ်လွှင့်မည့် “Lawless Lawyer” (ယာယီအမည်) ဇာတ်လမ်းတွဲနှင့်အတူ ပရိသတ်များထံ ပြန်လာတော့မှာဖြစ်ပါတယ်။

Lee Joon Gi က ဇာတ်လမ်းတွဲရိုက်ဖို့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းပေးပို့ချက်များ အစောပိုင်းက ထွက်ရှိလာခဲ့ပြီး ကမ်းလှမ်းချက်ကို လက်ခံဖို့ ဆုံးဖြတ်ချက်ချလိုက်ကြောင်းဖေဖော်ဝါရီလ ၂၇ ရက်က အတည်ပြုခဲ့ပါတယ်။ သူက အာဏာရှင်တွေကို လက်တုံ့ပြန်ဖို့ ကြိုးစားနေတဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ အဓိဇာတ်ကောင် Bong Sang Pil အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကလေးဘဝမှာ မိခင်ရဲ့ ဝမ်းနည်းဖွယ်သေဆုံးမှုကို မြင်တွေ့ခဲ့ရတဲ့ Bong Sang Pil ဟာ အမေအတွက် လက်စားချေမယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနှင့် ကြီးပြင်းလာခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ Lee Joon Gi နှင့် ဒါရိုက်တာ Kim Jin Min တို့ရဲ့ ပြန်လည်ဆုံစည်းမှုလည်းဖြစ်တာကြောင့် ပရိသတ်များက စိတ်လှုပ်ရှားနေကြပါတယ်။ သူတို့နှစ်ယောက်က လွန်ခဲ့တဲ့ ၁၁ နှစ်က MBC ၏ “Time Between Dog And Wolf” ဇာတ်လမ်းတွဲမှာ လက်တွဲလုပ်ကိုင်ခဲ့တာဖြစ်ပြီး Lee Joon Gi ကလည်း ဒါရိုက်တာကြီးနှင့် လက်တွဲခဲ့မှုဟာ သူ့ရဲ့ အနုပညာလမ်းကြောင်းမှာ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ဇာတ်ကောင်ရဲ့ စရိုက်လက္ခဏာကို တိတိကျကျ ပိုင်းခြားစိတ်ဖြာတတ်တဲ့ မင်းသားရဲ့ အရည်အချင်းနှင့် ဒါရိုက်တာရဲ့ ခေတ်ဆန်တဲ့ ရိုက်ကူရေးပညာတို့က မမေ့နိုင်ဖွယ် ဇာတ်လမ်းတွဲတစ်ခုကို ဖန်တီးပေးမှာပါ။

“Lawless Lawyer” ရိုက်ကူးရေးအဖွဲ့သားတစ်ယောက်က “PD Kim Jin Min နှင့် Lee Joon Gi တို့က ၁၁ နှစ်ကြာမှ ပထမဆုံး ပြန်ဆုံတာပါ။ သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့် တစ်ယောက် နက်ရှိုင်းတဲ့ ယုံကြည်မှုတစ်ခုရှိပါတယ်။ Lee Joon Gi မှာ တကယ်ဆွဲဆောင်နိုင်တဲ့ ညှို့ဓာတ်ရှိတယ်။ သူက Lawless Lawyer ထဲက ဇာတ်ကောင်ကို အပြည့်အဝ ပုံဖော်နိုင်မယ်ဆိုတာ သေချာပါတယ်။ သူ့ဆီက သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို စောင့်မျှော်ကြည့်ရှုပေးကြပါ” လို့ ပြောပြခဲ့ပါတယ်။

“Lawless Lawyer” ဇာတ်လမ်းတွဲမှာ ဘဝနှင့်ရင်းပြီး အာဏာရှင်တွေကို တိုက်ခိုက်ရင်း အခြေအနေတစ်ခုကို ဥပဒေအရ ဖြေရှင်းဖို့ထက် လက်သီးသုံးရတာကို ပိုသဘောကျတဲ့ ရှေ့နေတစ်ယောက်အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို “Live” အပြီး မေလကုန်ပိုင်းမှာ စတင်ထုတ်လွှင့်မှာဖြစ်ပါတယ်။ မင်းသမီး  Seo Ye Ji ဒီဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ဆွေးနွေးဆဲဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Source: Soompi