Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Asa Butterfield ပါဝင်သော House of Tomorrow ဇာတ်လမ်းနမူနာ ထွက်ရှိလာ

Asa Butterfield ပါဝင်သော House of Tomorrow ဇာတ်လမ်းနမူနာ ထွက်ရှိလာ

| No comment

Asa Butterfield, Alex Wolff, Ellen Burstyn နှင့် Nick Offerman တို့ပါဝင်ထားသော House of Tomorrow ဇာတ်လမ်းနမူနာ ထွက်ရှိလာပါပြီ။

Peter Bognanni ၏ ရောင်းအားအကောင်းဆုံး House of Tomorrow ဝတ္ထုကို အခြေခံထားတဲ့ ဒီဇာတ်ကားမှာ အစိုးရိမ်လွန်တတ်တဲ့ အဘွားဖြစ်သူ (Ellen Burstyn) ရဲ့ စောင့်ရှောက်မှုအောက်က geodesic dome ထဲမှာ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် ကြီးပြင်းလာတဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေး Sebastian Prendergast (Asa Butterfield) အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

ပုန်ကန်လိုစိတ်ရှိတဲ့ နှလုံးရောဂါသည် ဆယ်ကျော်သက်အရွယ် ကောင်လေး (Alex Wolff) နှင့် သူငယ်ချင်းတွေဖြစ်သွားတဲ့ အခါမှာတော့ Sebastian တစ်ယောက် ချုပ်ချယ်ခံရပြီး ကြီးပြင်းလာရခြင်းနှင့် ခေတ်ဆန်လွန်းသူ Buckminster Fuller ၏ ကျော်ကြားမှုအောက်က လွတ်မြောက်ဖို့အတွက် ပန့်ခ်ဂီတ တီးဝိုင်းထဲကို ဝင်ရောက်ခဲ့ပါတယ်။

Shout! Studios မှ ဖော်ပြလိုက်တဲ့ ဇာတ်လမ်းနမူနာတွင် အရွယ်ရောက်လာတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။

House of Tomorrow ဇာတ်ကားကို ဧပြီလ ၂၇ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

                         Trailer:
         

RII

#celebrity.thithtoolwin.com

Source: EW