Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Avengers: Infinity War ဇာတ်ကား TV Spot ၂ ခု ထွက်ရှိလာ

Avengers: Infinity War ဇာတ်ကား TV Spot ၂ ခု ထွက်ရှိလာ

| No comment



Avengers: Infinity War ဇာတ်ကားအတွက် Marvel Studios က ဖော်ပြလိုက်တဲ့ TV Spot ၂ ခုထဲက ၁ ခုမှာ Spider-Man က Avenger တစ်ယောက်ဖြစ်လာပါတယ်။ ဒုတိယ Spot က ပထမတစ်ခုထက် ပိုပြီးလေးနက်တာတော့ အသေအချာပါပဲ။

အရင်က မကြုံစဖူး ၁၀ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ Marvel Cinematic Universe တစ်ခုလုံးကို စုစည်းထားတဲ့ Marvel Studios ၏ Avengers: Infinity War ဇာတ်ကားဟာ ကြောက်မက်ဖွယ်အကောင်းဆုံး အသေအကျေတိုက်ပွဲကြီးကို ရုပ်ရှင်ပိတ်ကားပေါ် ယူဆောင်လာမှာဖြစ်ပါတယ်။ Avengers များနှင့် သူတို့ရဲ့ မဟာမိတ်များက လူစွမ်းကောင်းတစ်ယောက်တည်း ကိုင်တွယ်ဖို့မဖြစ်နိုင်လောက်အောင် ကြီးမားလွန်းတဲ့ ခြိမ်းခြောက်မှုကြီးကနေ ကမ္ဘာကြီးကို ဆက်လက်ကာကွယ်စောင့်ရှောက်နေစဉ်မှာပဲ စကြဝဠာရဲ့ အရိပ်ထဲမှ အသစ်ပေါ်ထွက်လာတဲ့ အန္တရာယ်ကတော့ Thanos ပါပဲ။ စကြဝဠာထဲက ယုတ်မာမှုအပေါင်း သရဖူစောင်းတဲ့ အာဏာရှင်တစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ တွေးမကြည့်နိုင်လောက်အောင် ထက်မြက်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ Infinity Stones ၆ ခုလုံးကို စုဆောင်းပြီး သူ့ရဲ့ ကောက်ကျစ်တဲ့ ဆန္ဒအတိုင်း အသုံးပြုဖို့ပါပဲ။ Avengers များ ခုခံတိုက်ခိုက်လာသမျှအားလုံးက ဒီအခိုက်အတန့်ကို ဦးတည်လာတာဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ ကံကြမ္မာနှင့် ဖြစ်တည်မှုဟာ ဒီလောက်မသေချာမရေရာဖြစ်နေတာမျိုး တစ်ခါမှမရှိခဲ့ဖူးပါဘူး။

Avengers: Infinity War ဇာတ်ကားမှာ ပါဝင်ဖို့အတည်ပြုထားတဲ့ သရုပ်ဆောင်များကတော့ Robert Downey Jr., Chris Evans, Mark Ruffalo, Scarlett Johansson, Chris Hemsworth, Tom Hiddleston, Anthony Mackie, Paul Bettany, Elizabeth Olson, Jeremy Renner, Chadwick Boseman, Sebastian Stan, Don Cheadle, Chris Pratt, Dave Bautista, Zoe Saldana, Pom Klementieff, Benedict Cumberbatch, Benedict Wong, Sean Gunn, Tom Holland, Paul Rudd နှင့် Josh Brolin တို့ဖြစ်ပါတယ်။

ဒီဇာတ်ကားကို Anthony နှင့် Joe Russo တို့က ရိုက်ကူးပြီး Kevin Feige က ထုတ်လုပ်ထားပါတယ်။ Louis D’Esposito, Victoria Alonso, Michael Grillo နှင့် Stan Lee တို့က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။ Christopher Markus နှင့် Stephen McFeely တို့က ဇာတ်ညွှန်းရေးသားထားတာဖြစ်ပါတယ်။

Marvel’s Avengers: Infinity War ကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၇ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အမည်မပေးရသေးတဲ့ စတုတ္ထမြောက်ဇာတ်ကားအတွက် Avengers များက ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်မှာ ပြန်လည်စုံစည်းရဦးမှာဖြစ်ပါတယ်။

                  Trailer 1:


                  Trailer 2:
     


RII

#celebrity.thithtoolwin.com

Source: Comingsoon