Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Disney’s Christopher Robin ပထမဆုံး ဇာတ်လမ်းနမူနာနှင့် ပိုစတာ ထွက်ရှိလာ

Disney’s Christopher Robin ပထမဆုံး ဇာတ်လမ်းနမူနာနှင့် ပိုစတာ ထွက်ရှိလာ

| No comment

Ewan McGregor က အဓိကဇာတ်ဆောင်ရဲ့ အရွယ်ရောက်ပြီးသူအဖြစ် သရုပ်ဆောင်ထားတဲ့ Christopher Robin ဇာတ်ကားအတွက် ပထမဆုံး ဇာတ်လမ်နမူနာကို Walt Disney Pictures က ဖော်ပြလိုက်ပါပြီ။

စိတ်နှလုံးကို နွေးထွေးစေမည့် သက်ဝင်လှုပ်ရှား Disney’s Christopher Robin ဇာတ်ကားတွင် Hundred Acre Wood တောအုပ်ကြီးထဲမှာ ချစ်စဖွယ်ကောင်းပြီး တက်ကြွနေတဲ့ တိရစ္ဆာန်ရုပ်လေးတစ်သိုက်နှင့်အတူ စွန့်စားခန်းထွက်ရတာကို နှစ်သက်တဲ့ ကောင်လေးဟာ အခုချိန်မှာတော့ အရွယ်ရောက်ပြီး ဘဝမှာ လမ်းပျောက်သလိုဖြစ်နေပါတယ်။ ချစ်ခင်တတ်ပြီး ပျော်ရွှင်တတ်တဲ့ ကောင်လေးက Christopher Robin ရဲ့ စိတ်ထဲမှာ အခုထိရှိနေသေးတယ်ဆိုတာကို အမှတ်ရလာအောင် ကျွန်တော်တို့ရဲ့ လောကထဲကို ဝင်ရောက်ပြီး ကူညီပေးဖို့က သူ့ရဲ့ ငယ်သူချင်းလေးတွေအပေါ်မှာ မူတည်နေပါတယ်။

ဒီဇာတ်ကားမှာ Ewan McGregor နှင့်အတူ Hayley Atwell (Marvel’s Agent Carter, Captain America: The First Avenger) က Robin ၏ ဇနီးသည် Evelyn အဖြစ်၊ Bronte Carmichael က သမီးဖြစ်သူ Madelin အဖြစ်နှင့် Mark Gatiss က Robin ၏ အလုပ်ရှင် Keith Winslow အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဧကတစ်ရာသစ်တောထဲက ဇာတ်ကောင်များကို အသံသရုပ်ဆောင်ထားသူများကတော့ Jim Cummings က Winnie the Pooh အဖြစ်၊ Chris O’Dowd က Tigger အဖြစ်၊ Brad Garrett က Eeyore အဖြစ်၊ Toby Jones က Owl အဖြစ်၊ Nick Mohammed က Piglet အဖြစ်၊ Peter Capaldi က Rabbit အဖြစ်နှင့် Sophie Okonedo က Kanga အဖြစ်ပါဝင်ထားပါတယ်။

Disney’s Christopher Robin ဇာတ်ကားသည် A.A. Milne ဖန်တီးထားသော ဇာတ်ကောင်များကို အခြေခံကာ Alex Ross Perry ၏ ဇာတ်လမ်းကို Alex Ross Perry နှင့် Allison Schroeder တို့က ဇာတ်ညွှန်းရေးသားထားပြီး Marc Forster က ရိုက်ကူးထားပါတယ်။ Brigham Taylor နှင့် Kristin Burr တို့က ထုတ်လုပ်ထားပြီး Renée Wolfe နှင့် Jeremy Johns တို့က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။

ဒီဇာတ်ကားကို ဩဂုတ်လ ၃ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

                          Trailer:
         

RII

#sport.thtihtoolwin.com

Source: Comingsoon