Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Empire မဂ္ဂဇင်းမျက်နှာဖုံးများပေါ်မှ Avengers: Infinity War

Empire မဂ္ဂဇင်းမျက်နှာဖုံးများပေါ်မှ Avengers: Infinity War

| No comment

ဒီနှစ်ရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်ဆီသို့ ဦးတည်ပြီး ထွက်ရှိလာတဲ့ Empire မဂ္ဂဇင်း၏ မေလထုတ်မှာ လစဉ်ဝယ်ယူသူများအတွက် အထူးထုတ် မျက်နှာဖုံးတစ်ခုအပါအဝင် စုစုပေါင်း Avengers: Infinity War မျက်နှာဖုံး ၇ ခုကို ဖော်ပြလိုက်ပါတယ်။

ရုပ်ရှင်ထဲကအတိုင်း မျက်နှာဖုံးများပေါ်မှာ Marvel Cinematic Universe ၏ ထောင့်ပေါင်းစုံမှ ဇာတ်ကောင်များကို အတူတကွ စုစည်းထားပါတယ်။ မျက်နှာဖုံးတစ်ခုမှာ Robert Downey Jr. ၏ Iron Man, Chris Evans ၏ Captain America, Scarlett Johansson ၏ Black Widow နှင့် Letitia Wright ၏ Shuri တို့ပါဝင်ထားပြီး နောက်တစ်ခုမှာတော့ Chadwick Boseman ၏ Black Panther, Sebastian Stan ၏ Winter Soldier, Karen Gillan ၏ Nebula နှင့် Don Cheadle ၏ War Machine တို့က အတူတကွပါဝင်ထားပါတယ်။ ဒါတွေကတော့ ဧပြီလ ၂၇ ရက်မှာ Avengers: Infinity War ဇာတ်ကား ရုံတင်လာတဲ့အခါမှာ ရှုစားရမည့် စိတ်ဝင်စားဖွယ် အတွဲအစပ်များနှင့် လက်တွဲမှုများရဲ့ အပေါ်ယံပဲရှိပါသေးတယ်။

Josh Brolin ရဲ့ ဟိတ်ဟန်ကြီးတဲ့ Thanos ကတော့ Empire မဂ္ဂဇင်းမျက်နှာဖုံးကို ဘယ်သူနှင့်မှ မျှဝေခြင်းမရှိပါဘူး။ ဂလက်စီ၏ အောင်နိုင်သူကြီးဖြစ်လာမည့်သူ့ကို Infinity Stones ၂ ခု တပ်ဆင်ထားတဲ့ Infinity Gauntlet ဝတ်ဆင်ထားတာ တွေ့မြင်ရပါတယ်။ မဂ္ဂဇင်းကို လစဉ်ဝယ်ယူသူများအတွက်ကတော့ Orlando Arocena ရေးဆွဲထားတဲ့ Mad Titan ကို Infinity Stones အပြည့်အစုံ ၆ ခုနှင့်အတူ တွေ့မြင်ရမှာဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Source: Comingsoon