Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / EW မဂ္ဂဇင်းမှ Avengers: Infinity War မဂ္ဂဇင်းမျက်နှာဖုံး ၁၅ ခု

EW မဂ္ဂဇင်းမှ Avengers: Infinity War မဂ္ဂဇင်းမျက်နှာဖုံး ၁၅ ခု

| No comment

EW မဂ္ဂဇင်း၏ Marvel’s Avengers: Infinity War အထူးထုတ်တွင် လူစွမ်းကောင်း ၂၂ ယောက်နှင့် Mad Titan ပါဝင်တဲ့ မျက်နှာဖုံးစုစုပေါင်း ၁၅ ခုကို ထုတ်ဝေလိုက်ပါတယ်။

Nebula နှင့် Scarlet Witch

Karen Gillan နှင့် Elizabeth Olsen တို့သရုပ်ဆောင်ထားတဲ့ သူတို့ ၂ ယောက်လုံးဟာ မောင်နှမသားချင်းနှင့်အတူ စွမ်းအားထက်တဲ့ အတွေ့အကြုံများနှင့် ပုံသွင်းခံခဲ့ရသူများဖြစ်ပြီး မကောင်းဆိုးဝါး အင်အားစုများနှင့် ပူပေါင်းခဲ့ပြီးနောက်မှ အလင်းဘက်ကို ပြန်လည်ဝင်ရောက်လာသူများဖြစ်ပါတယ်။

Teen Groot, Rocket Raccoon နှင့် Thor

Chris Hemsworth နှင့်အတူ Vin Diesel နှင့် Bradley Cooper တို့ အသံသရုပ်ဆောင်ထားတဲ့ သူတို့ ၃ ယောက်ကို Infinity War ရဲ့ အများစုမှာ Thanos ကို တားဆီးဖို့ စစ်ဆင်ရေးနှင့် galaxy တလျှောက် အရဲစွန့်သွားလားနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Doctor Strange

Benedict Cumberbatch ၏ sorcerer surpreme ကတော့ Thanos က သူ့ရဲ့ Infinity Gauntlet ကို ပြည့်စုံစေဖို့ အလိုရှိနေတဲ့ အစိမ်းရောင် Time Stone ကို ပိုင်ဆိုင်ထားပါတယ်။

Hulk

Mark Ruffalo ရဲ့ အစိမ်းရောင် လူသန်ကြီးကတော့ Thor: Ragnarok ဇာတ်ကားထဲမှာ galaxy ထဲ အလည်ထွက်ခဲ့ပြီးနောက် ကမ္ဘာမြေကို ပြန်လည်ရောက်ရှိလာမှာပါ။ သူက Doctor Strange ၏ Sanctum Sanctorum ကို အပေါက်ဖြစ်သွားအောင် ထိုးဖောက်ဝင်ရောက်လာပါတယ်။

Star-Lord နှင့် Okoye

Chris Pratt ရဲ့ galactic smart-ass နှင့် Danai Gurira ရဲ့ Wakandan လုံခြုံရေးအဖွဲ့ ခေါင်ဆောင်တို့မှာ ရှိတဲ့ တူညီချက်က ဘာများပါလိမ့်?

The Vision နှင့် Shuri

Letitia Wright ရဲ့ Wakandan သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးခေါင်းဆောင်ကတော့ Paul Bettany ရဲ့ မှော်ပညာ၊ သိပ္ပံပညာနှင့် Vibranium တို့နှင့် အသက်သွင်းထားပြီး လူကဖန်တီးထားတဲ့ သက်ရှိတစ်ယောက်ကို စိတ်ဝင်စားမယ်ဆိုတာ သံသယဝင်စရာမလိုပါဘူး။

Black Panther

Chadwick Boseman ရဲ့ ဘုရင်ကြီးက Wakanda နိုင်ငံကို တစ်ကမ္ဘာလုံးနှင့် ဆက်သွယ်နိုင်အောင် ဖွင့်ပေးလိုက်ပြီဆိုတော့ စကြဝဠာကြီးကို ကယ်တင်ဖို့ ရှေ့တန်းစစ်မျက်နှာပြင်ဖြစ်လာပါပြီ။

Thanos

Josh Brolin ရဲ့ Mad Titan ကြီးကတော့ Infinity Stones ၂ ခုကို ရရှိထားပါပြီ။

Spider-Man

Tom Holland ကို Homecoming ဇာတ်ကားအဆုံးသတ်မှာ Tony Stark က ပေးလိုက်တဲ့ ရွှေရောင် Iron Spider ဝတ်စုံနှင့် တွေ့ရမှာပါ။ ပြန်အပ်ရရင်တော့ အပျက်အစီးတွေနှင့် ဖြစ်နေတော့မှာပဲ။

Mantis နှင့် Winter Soldier

Sebastian Stan ရဲ့ ပြန်လည်ပြုစုပြိုးထောင်းထားရတဲ့ လုပ်ကြံသတ်ဖြတ်သူကိုတော့ White Wolf အဖြစ်နေထိုင်တာကို တွေ့ရမှာပါ။ ဗလုံးဗထွေးဖြစ်နေပြီး ဖျက်ပစ်ခံထားရတဲ့ မှတ်ဉာဏ်တွေနှင့် ပြန်လည်တည်ထောင်ထားတဲ့ လူတစ်ယောက်ကို Pom Klementieff ရဲ့ စိတ်ဖတ်နိုင်တဲ့ ဂြိုဟ်သားနှင့် တွဲပေးထားတာကို တွေ့ရတာ စိတ်ဝင်စားစရာပါပဲ။

War Machine နှင့် Drax the Destroyer

Don Cheadle ရဲ့ Col. James "Rhodey" Rhodes ဟာ Civil War ဇာတ်ကားမှာ အောက်ပိုင်းသေသွားခဲ့ပေမယ့် အခုတော့ iron suit ကို ပြန်လည်ဝတ်ဆင်နေပါပြီ။ သူ့ကို Dave Bautista ရဲ့ ဆုံးရှုံးမှုတွေ ကြုံခဲ့ဖူးပြီး လောကဓံကို ကြံကြံခံနေသူ Drax နှင့် တွဲပေးထားပါတယ်။

Iron Man

Robert Downey Jr. ရဲ့ Tony Stark ကို အာကာသထဲမှာ rocket boosters အဖြစ်အသုံးပြုနိုင်တဲ့ အတောင်ပံတွေကို နောက်ဘက်နှင့် လက်မောင်းမှာ တတ်ဆင်ထားကာ arc reactor အသစ်မှစတင်ပြီး သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းပြီး ပေါ်ထွက်လာမည့် Bleeding Edge ဝတ်စုံနှင့် တွေ့မြင်ရမှာပါ။

Black Widow

သူမရဲ့ စာရင်းစာအုပ်ကတော့… ရှုပ်ထွေးပါတယ်။ အတိတ်ရဲ့ ခြောက်လှန့်မှုကို ခံနေရဆဲဖြစ်တဲ့ သူမရဲ့ သစ္စာစောင့်သိမှုက နိုင်ငံတစ်ခုအပေါ်မှာ၊ အရေးကိစ္စတစ်ခုအပေါ်မှာ မဟုတ်တော့ဘဲ သူမရဲ့ သူငယ်ချင်းတွေအပေါ်မှာရှိနေပါပြီ။ Scarlett Johansson ရဲ့ လူစွမ်းကောင်းကို တစ်ချောင်တည်းဖြစ်အောင် ဆက်လို့ရပြီး လျှပ်စစ်စီးနေတဲ့ ဘက်တံတွေကို ဝှေ့ရမ်းနေတာကို တွေ့ရမှာပါ။

Captain America

Chris Evans ရဲ့ အကျိုးဆောင်သူအတွက်ကတော့ ခရီးတော်တော်ရောက်ခဲ့ပါပြီ။ အခုတော့ Black Panther ကပေးတဲ့ Vibranium ဒိုင်း သတ္တုလက်အိတ်ကို ဝတ်ဆင်ထားပြီး တစ်ချိန်က သူကာကွယ်ခဲ့တဲ့ အမိမြေကနေ ဝရမ်းပြေးဖြစ်နေတဲ့အတွက် ဟောင်နွမ်းပျက်စီးနေတဲ့ ဝတ်စုံကို တွေ့မြင်ရပါတယ်။

RII

#celebrity.thithtoolwin.com

Source: EW