Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / EXO အဖွဲ့ဝင် Suho နှင့် Jang Jae In တို့ တွဲဖက်သီဆိုထားသည့် “Do You Have A Moment” သီချင်းဗီဒီယို ထွက်ရှိလာ

EXO အဖွဲ့ဝင် Suho နှင့် Jang Jae In တို့ တွဲဖက်သီဆိုထားသည့် “Do You Have A Moment” သီချင်းဗီဒီယို ထွက်ရှိလာ

| No comment

SM STATION အတွက် EXO အဖွဲ့ဝင် Suho နှင့် Jang Jae In တို့ တွဲဖက်သီဆိုထားသည့် ပထမသီချင်း “Do You Have A Moment” သီချင်းဗီဒီယို ထွက်ရှိလာပါပြီ။

အဆိုတော် ၂ ယောက် တွဲဖက်ပြီး သီချင်း ၂ ပုဒ် ထွက်ရှိသွားမှာဖြစ်ပါတယ်။ သီချင်း ၂ ပုဒ်လုံးက စုံတွဲတစ်တွဲ၏ အချစ်ဇာတ်လမ်းကို နှစ်ဦးနှစ်ဖက်အမြင်ဖြင့် ပြောပြသွားမှာပါ။  ပထမဆုံး ထွက်ရှိလာတဲ့ “Do You Have A Moment” သီချင်းမှာတော့ ကိုယ်စိတ်ဝင်စားနေတဲ့သူကို ရှိုးတိုးရှန့်တန့်ဖြင့် ချဉ်ကပ်ပြီး စကားပြောရာမှာ ခံစားရတတ်တဲ့ ရင်တလှပ်လှပ်ခုန်ရတဲ့ အခိုက်အတန့်လေးကို ပုံဖော်ထားတာဖြစ်ပါတယ်။ Suho နှင့် Jang Jae In တို့က သီချင်းစာသား ရေးသားရာမှာ ပါဝင်ထားပါတယ်။

ဒုတိယသီချင်း “Dinner” ကတော့ မတ်လ ၁၀ ရက်မှာ ထွက်ရှိလာမှာဖြစ်ပါတယ်။

              Do You Have A Moment -
                               


RII

#celebrity.thithtoolwin.com

Source: Soompi