Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Fantastic Beasts: The Crimes of Grindelwald ပထမဆုံး ဇာတ်လမ်းနမူနာ ထွက်ရှိလာ

Fantastic Beasts: The Crimes of Grindelwald ပထမဆုံး ဇာတ်လမ်းနမူနာ ထွက်ရှိလာ

| No comment

Warner Bros. Pictures က Fantastic Beasts: The Crimes of Grindelwald ဇာတ်ကားအတွက် ပထမဆုံး ဇာတ်လမ်းနမူနာနှင့် ပိုစတာကို ဖော်ပြလိုက်ပါတယ်။

Fantastic Beasts: The Crimes of Grindelwald ဇာတ်ကားဟာ J.K. Rowling ရဲ့ Wizarding World ထဲမှာ အခြေတည်ထားတဲ့ အသစ်စက်စက်ဇာတ်ကား ၅ ကားပါဝင်မည့် ဇာတ်လမ်းတွဲထဲက ဒုတိမြောက်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Eddie Redmayne က Newt Scamandar အဖြစ် သရုပ်ဆောင်ထားပြီး Katherine Waterston, Dan Fogler, Alison Sudol နှင့် Ezra Miller တို့လည်း ပြန်လည်ပါဝင်ထားပါတယ်။ အသစ်ပါဝင်လာသူများကတော့ Claudia Kim, Zoe Kravitz, Callum Turner တို့နှင့်အတူ Jude Law က Dumbledore အဖြစ်နှင့် Johnny Depp က ဇာတ်ကားအမည်မှာ ပါဝင်တဲ့ Grindelwald အဖြစ်သရုပ်ဆောင်ထားပါတယ်။

ပထမဇာတ်ကားရဲ့ အဆုံးသတ်မှာ နာမည်ဆိုးနှင့် ကျော်ကြားတဲ့ ဆိုးသွမ်းတဲ့ မှော်ဆရာ Gellert Grindelwald ကို Newt Scamander ရဲ့ အကူအညီနှင့် MACUSA (Magical Congress of the United States of America) က ဖော်ထုတ်ပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရအောင် ထွက်ပြေးပြမယ်လို့ ကတိပေးထားတဲ့အတိုင်း Grindelwald က လွတ်မြောက်သွားပြီး မှော်ပညာမတတ်သူတွေရဲ့ အထက်မှာ သွေးသန့်မှော်ဆရာတွေကို မြှောက်စားဖို့ နောက်လိုက်တွေ စုဆောင်းပါတော့တယ်။

Grindelwald ရဲ့ အကြံအစည်ကို ဖျက်စီးဖို့အတွက် Albus Dumbledore (Jude Law သရုပ်ဆောင်သည်) က သူ့ရဲ့ တပည့်ဟောင်းဖြစ်တဲ့ Newt Scamander ကို  အကူအညီတောင်းခဲ့ပါတယ်။ ရှေ့လျှောက်ကြုံတွေ့ရမည့် အန္တရာယ်တွေကို သတိမမူမိတဲ့ Newt က ကူညီဖို့ သဘောတူခဲ့ပါတယ်။ သဘောထားကွဲလွဲမှုတွေ တိုးပွားလာတဲ့ မှော်လောကကြီးထဲမှာ အစစ်မှန်ဆုံး မိတ်ဆွေတွေနှင့် မိသားစုတွေကြားက ချစ်ခြင်းမေတ္တာနှင့် သစ္စာရှိမှုတွေကို စမ်းသပ်ခံရမှာဖြစ်ပါတယ်။

Fantastic Beasts: The Crimes of Grindelwald ဇာတ်ကားကို David Heyman, J.K. Rowling, Steve Kloves နှင့် Lionel Wigram တို့က ထုတ်လုပ်ထားပြီး J.K. Rowling ရဲ့ ဇာတ်ညွှန်းကို David Yates က ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Trailer:
         


RII

#celebrity.thithtoolwin.com

Source: Comingsoon