Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Greyson Chance ၏ ‘Low’ သီချင်းဗီဒီယို ထွက်ရှိလာ

Greyson Chance ၏ ‘Low’ သီချင်းဗီဒီယို ထွက်ရှိလာ

| No comment

Greyson Chance ၏ စိတ်ခံစားချက်အပြည့်ဖြင့် ‘Low’ သီချင်း ထွက်ရှိလာခဲ့ပြီး ၃ လ အကြာမှာတော့ ဒီသီချင်းကို Roland Studios မှာ အသက် ၂၀ အရွယ် ပေါ့ပ်အဆိုတော်က ကိုယ်ရေးကိုယ်တာကို အတွင်းကျကျ သီဆိုထားတဲ့ ပုံစံကို Billboard ပွဲဦးထွက် ဖော်ပြခဲ့ပါတယ်။

“Low က အချစ်နှင့် ဆက်ဆံရေးတစ်ခု က ခိုင်မြဲစပြုလာပြီလို့ထင်ရင် ထွက်သွားချင်တဲ့ အရင်က ကျွန်တော့်ရဲ့ ဗီဇလေးအကြောင်းပါ။ ဒီသီချင်းက ပြီးခဲ့တဲ့ နွေရာသီက ကျွန်တော် လုံဝဥဿုံရပ်တန့်နေပြီး တခြားလူတစ်ယောက်နှင့်အတူ ကိုယ်စိတ်ချမ်းသာမှုကို ရှာတွေ့နိုင်ပါ့မလားဆိုတာ မသေချာမရေရာဖြစ်နေတဲ့ ကျွန်တော့်ဘဝရဲ့ ကာလအပိုင်းအခြားတစ်ခုကို တိတိကျကျ ပြောပြထားတာပါ” လို့ ဒီသီချင်းနှင့် ပတ်သက်ပြီး Chance က Billboard ကို ပြောပြခဲ့ပါတယ်။

အဆိုတော်က ဝမ်နည်းကြေကွဲဖွယ် အချစ်သီချင်းကို သူ့မိဘအိမ်က စန္ဒယားနှင့် ရေးသားခဲ့တာဖြစ်ပြီး ဒါကြောင့်လည်း ဒီလိုပုံစံ တီကွက်နှင့် တေးသွားကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ “ဒီပုံစံက မူလပထမ အသံနှင့်  ဆင်တူပြီး မွမ်းမံထားတာတွေ မပါဘဲ တင်ဆက်ထားတဲ့ အတွက် live ဗီဒီယိုကို မျှဝေပေးဖို့ စိတ်အားထက်သန်မိပါတယ်” လို့ ပြောပြခဲ့ပါတယ်။

၂၀၁၁ ခုနှစ်က ပွဲဦးထွက် Hold On ’Til The Night အယ်လ်ဘမ် ထွက်ပြီးကတည်းက Chance ရဲ့ full-length အယ်လ်ဘမ် ထပ်မထွက်လာသေးပေမယ့် ဒီနှစ်အတောအတွင်းမှာ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Seasons” သီချင်းနှင့် Dirty Dancing (၂၀၁၇) ဇာတ်ကားအတွက် ပြန်လည်သီဆိုပေးထားတဲ့ “Hungry Eyes” ဇာတ်ဝင်သီချင်းအပါအဝင် singles သီချင်းများစွာ ထွက်ရှိခဲ့ပါတယ်။

                            Low -
     

RII

#celebrity.thithtoolwin.com

Source: Billboard