Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Han Ye Ri နှင့် Jang Geun Suk တို့ပါဝင်သော “Switch” ဇာတ်လမ်းတွဲနမူနာ ထွက်ရှိလာ

Han Ye Ri နှင့် Jang Geun Suk တို့ပါဝင်သော “Switch” ဇာတ်လမ်းတွဲနမူနာ ထွက်ရှိလာ

| No comment

SBS ရုပ်မှ ဗုဒ္ဓဟူး-ကြာသပတေးနေ့မှာ ထုတ်လွှင့်ပြသမည့် “Switch” ဇာတ်လမ်းတွဲနမူနာမှာ အဓိက ဇာတ်ဆောင်များဖြစ်တဲ့ Han Ye Ri နှင့် Jang Geun Suk တို့ကို စိတ်ဝင်စားဖွယ် ရှုစားရမှာဖြစ်ပါတယ်။

နမူနာအစမှာ Sa Do Chan (Jang Geun Suk) က လူတစ်စုနှင့်အတူ ယုံကြည်ချက်အပြည့်နှင့် လျှောက်လှမ်းလာစဉ်မှာ နောက်ခံစကားပြောက “သူကတော့ နာမည်ကျော် လူလိမ်တစ်ယောက်ပေါ့။ သူက ဉာဏ်ရည်ပြကိန်း ၁၆၈ ရှိတယ်လေ။ သူက ဉာဏ်ကြီးရှင်တစ်ယောက်ပါ။” လို့ ပြောပြထားပါတယ်။ ဇာတ်ဝင်ခန်း နောက်တစ်ခုမှာတော့ Han Ye Ri က တရားခံအဖြစ် သံသယရှိသူတစ်ယောက်ကို ဖမ်းထားပြီး သူမကိုယ်သူမ အစိုးရရှေ့နေ Oh Ha Ra အဖြစ် မိတ်ဆက်ပေးထားပါတယ်။

အစိုးရရှေ့နေ Baek Joon Soo (Jang Geun Suk) က ကားမောင်နေစဉ်မှာ ကုန်တင်ကားတစ်စီးက သူ့လမ်းကြောင်းထဲ ရောက်လာချိန်မှာ နောက်ခံစကားပြောက သူနှင့် တစ်ထေရာတည်းတူတဲ့ လူတစ်ယောက်ရှိသေးကြောင်း ဖော်ပြထားပါတယ်။ အဲ့ဒီနောက်မှာ Oh Ha Ra က Baek Joon Soo နာမည်ကို အော်ခေါ်ရင်း Sa Do Chan ပွေ့ဖက်ကာ “ဒါက အံ့ဖွယ် ဖန်ဆင်းမှုပဲ” လို့ ပြောလိုက်ပါတယ်။ နောက်ဆုံးမှာတော့ “ကျွန်မတို့ ဒီလူကို လိုအပ်တယ်” လို့ပြောပြီး Sa Do Chan ကို အစိုးရရှေ့နေ Baek Joon Soo အဖြစ် ပုံပြောင်းပေးလိုက်ပါတယ်။

“Switch” ဇာတ်လမ်းတွဲ ရိုက်ကူးရေးမှ အဖွဲ့သားတစ်ယောက်က “ဒီဇာတ်လမ်းတွဲက ယုံရခက်တဲ့ အဖြစ်အပျက်များမှတဆင့် အစိုးရရှေ့နေဖြစ်သွားတဲ့ လူလိမ်တစ်ယောက်အကြောင်းဖြစ်ပါတယ်။ Jang Geun Suk က ဇာတ်ကောင်စရိုက်နှစ်မျိုးနှင့် ပရိသတ်များကို စွဲလမ်းစေမှာဖြစ်ပြီး သူနှင့် Han Ye Ri တို့က ကြည်ရှုတွေကို အတူတကွ ဖမ်းစားထားမှာပါ” လို့ ပြောပြခဲ့ပါတယ်။

“Return” ဇာတ်သိမ်းပြီးနောက်မှာ “Switch” ဇာတ်လမ်းတွဲကို မတ်လထဲတွင် စတင်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

Trailer:
         


RII

#celebrity.thithtoolwin.com

Source: Soompi