Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / KBS ဇာတ်လမ်းတွဲသစ်မှ EXO အဖွဲ့ဝင် Kai ၏ ပုံရိပ်များ

KBS ဇာတ်လမ်းတွဲသစ်မှ EXO အဖွဲ့ဝင် Kai ၏ ပုံရိပ်များ

| No comment


KBS 2TV ရုပ်သံမှ ထုတ်လွှင့်မည့် “Miracle That We Met” (ယာယီအမည်) ဇာတ်လမ်းတွဲမှ သရုပ်ဆောင်နေတဲ့ EXO အဖွဲ့ဝင် Kai ၏ ပထမဆုံးပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်။

Miracle That We Met ဇာတ်လမ်းတွဲက ရုတ်ရက်ကြီး မိမိနှင့် အမည်တူ အသက်အရွယ်တူပေမယ့် ကျန်တာဘာဆိုဘာမှ မတူညီတဲ့ လူတစ်ယောက်ရဲ့ ဘဝမှာ နေထိုင်နေရတာကို သိလိုက်ရတဲ့ ယောက်ျားတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ စိတ်ကူးယဉ် သဘာဝလွန်ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။

အသစ်ထွက်ရှိလာတဲ့ ပုံရိပ်များမှာ Kai ၏ ဇာတ်ကောင် ချောမောတဲ့ တမန်တော် Ato ဟာ အတိမ်းအစောင်းမခံနိုင်တဲ့ ကိစ္စမှာ ဇာတ်လမ်းတွဲထဲက အဓိက ဇာတ်ကောင်များရဲ့ ဘဝကို ပြောင်းလဲသွားစေမည့် အမှားတစ်ခုကို လုပ်လိုက်မိတဲ့ ဇာတ်ဝင်ခန်းကို သရုပ်ဆောင်နေတာကို တစ်စွန်းတစ်စ မြင်တွေ့ရမှာဖြစ်ပါတယ်။ သူ့အမှားကြောင့် ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ဖြစ်လာတဲ့အခါမှာတော့ ကိစ္စတွေကို ပြန်လည်တည့်မတ်ဖို့ ကြိုးစားရင်း စမ်းသပ်စစ်ဆေးခြင်းများနှင့် ဆင်းရဲဒုက္ခများကို ခံစားရင်း Ato ဟာ Kim Myung Min နှင့် Go Chang Suk တို့ သရုပ်ဆောင်ထားတဲ့ Song Hyun Chul ဆိုတဲ့ အမည်တူ လူ ၂ ယောက်ကြားက ချိတ်ဆက်မှုအဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

ပုံရိပ်တွေထဲမှာ သူအမှားရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို တစိမ့်စိမ့်တွေးတောရင်း စိတ်ကယောက်ကယက်ဖြစ်ကာ နောင်တများနှင့် ပြည့်နက်နေတာကို တွေ့ရမှာပါ။

ဇာတ်လမ်းတွဲရိုက်ကူးရေးအဖွဲ့မှ ဝန်ထမ်းတစ်ယောက်က “Kai က သူ့ဇာတ်ကောင်ကို အပြည့်အဝ ဝင်စားထားပြီး ပထမဆုံး ရိုက်ကူးရေးစတဲ့ နေ့ကတည်းက စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး သရုပ်ဆောင်နေပါတယ်။ သူ့ရဲ့ ပါဝင်မှုက ကြည့်ရှုသူတွေအတွက် ဇာတ်လမ်းကို ပိုနှစ်သက်စေမှာ သေချာပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး “Ato ရဲ့ အမှားက ဇာတ်လမ်းထဲမှာ အလွန်အရေးပါတဲ့ သက်ရောက်မှုရှိပါတယ်။ အဓိကဇာတ်လမ်းက အဲ့ဒါကြောင့် စတင်လာတာပါ။ သူ့အမှားကို ပြန်ပြင်ဆင်ဖို့အတွက် Ato ဖြတ်သန်းအရတဲ့ အခက်အခဲတွေကို စောင့်ကြည့်ပေးမယ်လို့ မျှော်လင့်ပါတယ်” ပြောပြသွားပါတယ်။

Miracle That We Met ဇာတ်လမ်းတွဲကို “Radio Romance” ဇာတ်သိမ်းပြီးနောက် တနင်္လာနှင့် အင်္ဂါနေ့များမှာ ပြသသွားမှာဖြစ်ပါတယ်။



RII

#celebrity.thithtoolwin.com

Source: Soompi