Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Marvel’s Cloak & Dagger ဇာတ်လမ်းတွဲ နမူနာသစ်နှင့် ပိုစတာ ထွက်ရှိလာ

Marvel’s Cloak & Dagger ဇာတ်လမ်းတွဲ နမူနာသစ်နှင့် ပိုစတာ ထွက်ရှိလာ

| No comment

Marvel’s Cloak & Dagger ဇာတ်လမ်းတွဲ နမူနာသစ်နှင့် ပိုစတာကို Freeform မှ ဖော်ပြလိုက်ပါတယ်။ ဇာတ်လမ်းတွဲကို လာမည့်ဇွန်လမှာ စတင်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Marvel’s Cloak & Dagger ဇာတ်လမ်းတွဲမှာ မတူညီတဲ့ နောက်ခံမှလာကြပြီး တစ်ယောက်နှင့် တစ်ယောက် ထူးထူးခြားခြား ဆက်စပ်နေတဲ့ စူပါပါဝါများကို ရှာဖွေတွေ့ရှိသွားကာ ဝန်ထုတ်ဝန်ပိုအဖြစ် ခံစားနေရတဲ့ Tandy Bowen (Olivia Holt) နှင့် Tyrone Johnson (Aubrey Joseph) ဆိုတဲ့ ဆယ်ကျော်သက် ၂ ယောက်အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။ Tandy က အလင်းတန်း ဓားမြှောင်များကို ထုတ်လွှတ်နိုင်ပြီး Tyrone ကတော့ အခြားသူများကို အမှောင်ထုနှင့် လွှမ်းခြုံနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။ ခွဲနေတာထက် နှစ်ယောက်အတူနေတာက ပိုကောင်းတယ်ဆိုတာကို ခပ်မြန်မြန်ပဲ သိရှိသွားပေမယ့် တစ်ယောက်အပေါ် တစ်ယောက်ထားရှိတဲ့ ခံစားချက်များကြောင့် နဂိုကတည်း ရှုပ်ထွေးနေတဲ့ သူတို့ရဲ့ လောကကြီးဟာ ပိုမိုခက်ခဲလာပါတော့တယ်။

ဒီဇာတ်လမ်းတွဲဟာ Bill Mantlo နှင့် Ed Hannigan တို့ရဲ့ ရုပ်ပြစာအုပ်ထဲက ဇာတ်ကောင် ၂ ယောက်ကို အခြေခံထားတာဖြစ်ပြီး Joe Pokaski က ဇာတ်လမ်းတွဲ ဖန်တီးသူနှင့် စီစဉ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။ Pokaski က Jeph Loeb နှင့် Jim Chory တို့နှင့်အတူ အမှုဆောင်ထုတ်လုပ်သူအဖြစ်လည်း ဆောင်ရွက်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကို Marvel Television နှင့် ABC Signature Studios တို့က တွဲဖက်ထုတ်လုပ်ထားပါတယ်။

ဒီဇာတ်လမ်းတွဲမှာ Olivia Holt, Aubrey Joseph, Andrea Roth, Gloria Reuben, Miles Mussenden, Carl Lundstedt, Emma Lahana, Jaime Zevallos နှင့် J.D. Evermore တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Marvel’s Cloak & Dagger ဇာတ်လမ်းတွဲကို Disney’s young adult television network ဖြစ်တဲ့ Freeform မှ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၇ ရက်၊ ကြာသပတေးနေ့တွင်  စတင်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

Trailer:
       


RII

#celebrity.thithtoolwin.com

Source: Comingsoon