Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Men in Black ဇာတ်ကားကို ပြန်လည်ရိုက်ကူမည့် Chris Hemsworth

Men in Black ဇာတ်ကားကို ပြန်လည်ရိုက်ကူမည့် Chris Hemsworth

| No comment

Chris Hemsworth က ပြီးခဲ့တဲ့နှစ်က Thor: Ragnarok ဇာတ်ကားမှာ ဂြိုဟ်သားများနှင့် ရင်ဆိုင်ခဲ့ရပြီးပါပြီ။ The Hollywood Reporter ရဲ့ သတင်းစကားအရတော့ သူဟာ Sony က ရိုက်ကူးမည့် Men in Black ဇာတ်ကားသစ်မှာ ပါဝင်ဖို့ ဆွေးနွေးနေတယ်ဆိုတော့ ဂြိုဟ်သားများနှင့် အသားကျမှ ဖြစ်မယ့်ပုံပါပဲ။ ဒီဇာတ်ကားအတွက် ပထမဆုံး သိရတဲ့ ဇာတ်ကွက်ကတော့ လန်ဒန်မြို့မှာ အခြေတည်ပြီး “လူဖြူဇာတ်ကောင်တစ်ယောက်၊ လူမည်းအမျိုးသမီးတစ်ယောက်နှင့် အဖိုးကြီးတစ်ယောက်” တို့ပါဝင်တဲ့ “ပေါင်းစပ်မှုအသစ်” ကို ဗဟိုပြုထားကြောင်း THR က ဖော်ပြခဲ့ပါတယ်။

အမည်မပေးရသေးတဲ့ Men in Black spinoff ဇာတ်ကားမှာ Will Smith နှင့် Tommy Lee Jones တို့ မပါဝင်ပေမယ့် မူရင်းဇာတ်လမ်းတွဲရဲ့ ကမ္ဘာကိုပဲ ချဲ့ထွင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက 21 Jump Street ဇာတ်လမ်းတွဲနှင့် ရောနှောထားတဲ့ ဖျက်သိမ်းလိုက်တဲ့ MIB 23 နှင့်မတူပါဘူး။ MIB 23 နှင့်ပတ်သက်ပြီး Jonah Hill က လိုအပ်တဲ့ သဘောတူညီမှုများအရ “အရမ်း ရှုပ်ထွေးနေကြောင်း” ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီဇာတ်ကာကိုတော့ စီစဉ်နေဆဲပါပဲ။

အမည်မပေးရသေးတဲ့ Men in Black ဇာတ်ကားသစ်ကို Matt Holloway နှင့် Art Marcum (Iron Man, Transformers: The Last Knight) တို့က ရေးသားပြီး F. Gary Gray (Straight Outta Compton, The Fate of the Furious) က ရိုက်ကူးမှာဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းများကို ထုတ်လုပ်ခဲ့တဲ့ Walter Parkes နှင့် Laurie MacDonald တို့နှင့်အတူ Steven Spielberg က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။

Smith နှင့် Jones တို့ပါဝင်ခဲ့သော မူရင်း Men in Black ဇာတ်ကားဟာ လွန်ခဲ့တဲ့အနှစ် ၂၀ က ၁၉၉၇ ခုနှစ် နွေရာသီမှာ ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်လွှားမှာ အမေရိကန်ဒေါ်လာ ၅၈၉ သန်း ရရှိခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Men in Black II ကတော့ ကမ္ဘာတစ်လွှားမှာ အမေရိကန်ဒေါ်လာ ၄၄၁ သန်း ရရှိခဲ့ပြီး ဝေဖန်ရေးသမားများနှင့် ကြည်ရှုသူများ၏ လက်ခံမှု လျော့နည်းခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိလာတဲ့ MIB 3 ကတော့ ရိုက်ကူးရေးမှာ အခက်အခဲရှိခဲ့ပေမယ့် ဇာတ်လမ်းတွဲကို ဖန်တီးမှုအရ လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးနိုင်ခဲ့ပြီး ကမ္ဘာတစ်လွှားမှာ အမေရိကန်ဒေါ်လာ ၆၄၂ သန်းရရှိခဲ့ပါတယ်။ မူရင်းဇာတ်ကား ၃ ကားလုံးကို Barry Sonnenfeld က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ပြန်လည်ဆန်းသစ်ထားတဲ့ Men in Black ဇာတ်ကားကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


RII

#sport.thtihtoolwin.com

Source: Comingsoon