NCT 127 အဖွဲ့ရဲ့ သီချင်းဗီဒီယို ထွက်ရှိလာပါပြီ။
ယနေ့ပြုလုပ်မည့် comeback မတိုင်ခင်မှာ NCT အဖွဲ့ခွဲက “Touch” သီချင်းဗီဒီယိုနှင့်အတူ ပြန်လည်ရောက်ရှိလာပါပြီ။ “Touch” သီချင်းရဲ့ သဘောတရားက ပေါ့ပါးပြီး စိတ်ကူးယဉ်ဆန်တဲ့ ပုံစံမျိုးဖြစ်ပြီး သီချင်းစာသားများက ချစ်မိနေတဲ့အတွက် စိတ်လှုပ်ရှား ပျော်ရွှင်မှု အကြောင်းဖြစ်တာကြောင့် NCT 127 အဖွဲ့အတွက် ဆန်းသစ်နေပါတယ်။
NCT 127 အဖွဲ့ထဲမှာ ပါဝင်သူများကတော့ Taeyong, Haechan, Mark, WinWin, Taeil, Yuta, Doyoung, Johnny နှင့် Jaehyun တို့ဖြစ်ပါတယ်။
NCT 127 အဖွဲ့က “Touch” သီချင်းကို မတ်လ ၁၅ ရက်တွင် “M!Countdown”၊ မတ်လ ၁၇ ရက်တွင် “Music Core” နှင့် မတ်လ ၁၈ ရက်တွင် “Inkigayo” အစရှိတဲ့ ဖျော်ဖြေရေးအစီအစဉ်များမှာ သီဆိုသွားမှာဖြစ်ပါတယ်။
အဖွဲ့ဝင် ၁၈ ယောက်ပါဝင်တဲ့ NCT အဖွဲ့က “NCT 2018 Empathy” အယ်လ်ဘမ်နှင့်အတူ မတ်လ ၁၄ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ပရိသတ်များထံ ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ထဲမှာ အဖွဲ့ခွဲများဖြစ်တဲ့ NCT 127, NCT U နှင့် NCT Dream တို့၏ သီချင်းများ ပါဝင်မှာဖြစ်ပြီး သူတို့ရဲ့ တိုက်ရိုက်ဖျော်ဖြေမှုကို ကိုရီးယားစံတော်ချိန် ညနေ ၈ နာရီတွင် Naver’s V Live မှတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
Touch –
RII
#celebrity.thithtoolwin.com
Source: Soompi
Casino: The Lucky 777 Hotel & Casino in Las Vegas, NV - Mapy
ReplyDeleteFind 고양 출장안마 your way around the casino, 사천 출장샵 find where everything is 군산 출장샵 located with 광양 출장샵 MapyRO's interactive tools. 서산 출장안마