Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / NCT Dream အဖွဲ့၏ “Go” သီချင်းဗီဒီယိုသစ် ထွက်ရှိလာ

NCT Dream အဖွဲ့၏ “Go” သီချင်းဗီဒီယိုသစ် ထွက်ရှိလာ

| No comment

NCT Dream အဖွဲ့က သီချင်းသစ်နှင့်အတူ ပရိသတ်များထံ ပြန်လည်ရောက်ရှိလာပါပြီ။

ဒီလထဲမှာ အဖွဲ့ဝင် ၁၈ ယောက်နှင့်အတူ အဖွဲ့လိုက် comeback မတိုင်ခင် NCT အဖွဲ့ခွဲ၏ “Go” သီချင်း အတွက်ဗီဒီယိုက မတ်လ ၅ ရက် ကိုရီးယားစံတော်ချိန် ညသန်းခေါင်ယံမှာ ထွက်ရှိလာပါတယ်။ အရင်က ထွက်ရှိခဲ့ မြူးကြွသော သီချင်းများနှင့် ဆန့်ကျင်ပြီး ဒီတစ်ခါမှာတော့ NCT Dream အဖွဲ့က အသွင်အပြင်အရရော သံစဉ်အရပါ လုံးဝမတူညီတဲ့ ပုံစံနှင့် ထွက်ရှိလာတာဖြစ်ပါတယ်။

“Go” သီချင်းဟာ NCT U ၏ “Boss” သီချင်းနှင့် Ten နှင့် Taeyong တို့၏ “Baby Don’t Stop” သီချင်းအပြီးမှာ ထွက်ရှိလာတဲ့ တတိယမြောက် သီချင်းဗီဒီယိုဖြစ်ပြီး NCT ၏ ကြီးမားလှတဲ့ ၂၀၁၈ ခုနှစ် စီမံကိန်းအတွက် ထွက်ရှိလာမည့် သီချင်းဗီဒီယို ၆ ခုထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ဒီသီချင်း ၃ ပုဒ်လုံးက “NCT 2018” အယ်လ်ဘမ်ထဲတွင် ပါဝင်မှာဖြစ်ပါတယ်။

NCT အဖွဲ့၏ အဖွဲ့ဝင် ၁၈ ယောက်ပါဝင်ထားသော ပထမဆုံး အယ်လ်ဘမ်ကတော့ မတ်လ ၁၄ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ထွက်ရှိလာမှာဖြစ်ပါတယ်။

                             Go -
     


RII

#celebrity.thithtoolwin.com

Source: Soompi