Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Niall Horan ၏ 'On the Loose' သီချင်းဗီဒီယို ထွက်ရှိလာ

Niall Horan ၏ 'On the Loose' သီချင်းဗီဒီယို ထွက်ရှိလာ

| No comment

ဗီဒီယိုသစ်အတွက် လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူမှုကွန်ယက်ပေါ်မှာ သဲလွန်စတွေပေးခဲ့ပြီး နောက်ဆုံးမှာတော့ One Direction အဖွဲ့ဝင် Niall Horan ရဲ့ 'On the Loose' သီချင်းဗီဒီယို ထွက်ရှိလာပါပြီ။ ဒီသီချင်းက ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Horan ရဲ့ တစ်ကိုယ်တော် ပွဲဦးထွက် အယ်လ်ဘမ် Flicker ရဲ့ အဖွင့်သီချင်းဖြစ်ပြီး ၄ ပုဒ်မြောက် single လည်းဖြစ်ပါတယ်။

Americana-style ရိုက်ကူးထားတဲ့ ဗီဒီယိုရဲ့ အစမှာ Horan ကို စိတ်လွတ်ကိုယ်လွတ်နေတတ်တဲ့ မိန်းကလေးတစ်ယောက်နှင့်အတူ သဲကန္တာရထဲမှာ တွေ့ရပြီး ဇာတ်လမ်းဆက်ရာမှာတော့ သူမရဲ့ ထိန်းထိန်းသိမ်းသိမ်းမနေတတ်တဲ့ စရိုက်ကြောင့် Horan က သဝန်တိုနေရတဲ့ ပုံစံက သိသာလာပါတယ်။ သူမက တခြားယောက်ျားများနှင့်အတူ ကခုန်နေစဉ်မှာ “She loves when everybody’s watching,” လို့ သီဆိုထားပေမယ့် နောက်ဆုံးမှာတော့ သူ့ရဲ့ ကားပေါ်ကို တက်လိုက်သွားပါတယ်။

စက်တင်ဘာလမှာ "Too Much to Ask" သီချင်းဗီဒီယို ထွက်ရှိလာပြီးနောက် "On the Loose" သီချင်းက ဗီဒီယိုရိုက်ကူးတဲ့ နောက်ဆုံးပေါ်သီချင်းဖြစ်ပါတယ်။ အိုင်ယာလန်လူမျိုး အဆိုတော်က သူ့ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်အတွက် ကမ္ဘာလှည့်ဖျော်ဖြေပွဲကို စက်တင်ဘာလမှာ အမေရိကန်နိုင်ငံမှ စတင်မှာဖြစ်ပါတယ်။

“ကျွန်တော် စိတ်ကူးကို အသက်သွင်းပေးပြီး ဒီဗီဒီယိုကို ရိုက်ကူးပေးတဲ့ @jakejelicich ကို ကျေးဇူးအများကြီးတင်ပါတယ်” လို့ Niall Horan က Twitter မှာ ရေးသားခဲ့ပါတယ်။

             On the Loose:



RII

#celebrity.thithtoolwin.com

Source: Billboard