Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Ralph Breaks the Internet: Wreck-It Ralph 2 ဇာတ်လမ်းနမူနာ ထွက်ရှိလာ

Ralph Breaks the Internet: Wreck-It Ralph 2 ဇာတ်လမ်းနမူနာ ထွက်ရှိလာ

| No comment


Ralph Breaks the Internet: Wreck-It Ralph 2 ဇာတ်ကားအတွက် နမူနmကို Walt Disney Animation Studios က ဖော်ပြလိုက်ပါတယ်။

Ralph Breaks the Internet: Wreck-It Ralph 2 ဇာတ်ကားမှာ Litwak ရဲ့ ဗီဒီယိုဂိမ်းဆိုင်မှ ထွက်ခွာလာပြီး ကျယ်ပြန့်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော မကြုံစဖူး အင်တာနက်လောကကို အရဲစွန့်ဝင်ရောက်လာပါပြီ။ အင်တာနက်လောကကြီးက Ralph ရဲ့ အဖျက်အစီးဒဏ်ကို ခံနိုင်ပါ့မလား။ ဗီဒီယိုဂိမ်းထဲက လူဆိုးကြီး Ralph (အသံသရုပ်ဆောင် John C. Reilly) နှင့်အပေါင်းအပါ လူ့ခွစာမလေး Vanellope von Schweetz (အသံသရုပ်ဆောင် Sarah Silverman) တို့ဟာ Vanellope ရဲ့ ဗီဒီယိုဂိမ်း Sugar Rush ကို ကယ်တင်ဖို့အတွက် အစားထိုးအစိတ်အပိုင်းတစ်ခုကို ရှာဖွေဖို့အတွက် အရာအားလုံးကို စွန့်စားပြီး  world wide web ဆီသို့ ခရီးဆန့်ရမှာဖြစ်ပါတယ်။ ကိုယ်ပိုင်စွမ်းနှင့် လိုက်မမီနိုင်တဲ့ Ralph နှင့် Vanellope တို့ဟာ လမ်းကြောင်းရှာဖွေဖို့အတွက် အင်တာနက် မြို့ကြီးသားများနှင့် ခေတ်ရှေ့ပြေးတဲ့ “BuzzzTube” site အတွက် စိတ်ရောကိုယ်ပါ မြုပ်နှံထားပြီး ပြဿနာ ဖော်ထုတ်ဖြေရှင်းနည်းစနစ်၏ ခေါင်းဆောင်နှင့် ဝဘ်ဆိုက်တည်ထောင်သူ Yesss (အသံသရုပ်ဆောင် Taraji P. Henson) ရဲ့ အကူအညီကို အားကိုးအားထား ပြုရပါတော့တယ်။

ဒီဇာတ်ကားမှာ Disney Princesses တွေဖြစ်တဲ့ Auli‘i Cravalho (Moana), Kristen Bell (Anna in Frozen), Kelly Macdonald (Merida in Brave), Mandy Moore (Rapunzel in Tangled), Anika Noni Rose (Tiana in The Princess and the Frog), Irene Bedard (Pocahontas), Linda Larkin (Jasmine in Aladdin), Paige O’Hara (Belle in Beauty and the Beast) and Jodi Benson (Ariel in The Little Mermaid) တို့လည်း ပါဝင်မှာဖြစ်ပါတယ်။

Rich Moore (Zootopia, Wreck-It Ralph) နှင့် Phil Johnston (Wreck-It Ralph တွဲဖက်ရေးသားသူ, Cedar Rapids, Zootopia တွဲဖက်ရေးသားသူ) တို့ ရိုက်ကူးပြီး Clark Spencer ထုတ်လုပ်ထားတဲ့ Ralph Breaks the Internet: Wreck-It Ralph 2 ဇာတ်ကားကို နိုဝင်ဘာလ ၂၁ ရက်တွင် ရုံတင်ပြသမှာဖြစ်ပါတယ်။

Trailer: https://www.youtube.com/watch?v=DIBw9dSVKdU


RII

#celebrity.thithtoolwin.com

Source: Comingsoon