Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ရုပ်ရှင်ဟောင်းများကို လွမ်းဆွတ်စေမည့် Ready Player One ပိုစတာသစ်များ ထွက်ရှိလာ

ရုပ်ရှင်ဟောင်းများကို လွမ်းဆွတ်စေမည့် Ready Player One ပိုစတာသစ်များ ထွက်ရှိလာ

| No comment

ပရိသတ်ကြိုက်နှစ်သက်ခဲ့သော ရုပ်ရှင်ဟောင်းများ၏ ပိုစတာများအတိုင်း တစ်ထပ်တည်း ဖန်တီးထားတဲ့ Ready Player One ဇာတ်ကားအတွက် ပိုစတာသစ်များ ထွက်ရှိလာပါတယ်။ Back to the Future နှင့် The Matrix မှအစ Rambo နှင့် The Lost Boys အဆုံး ပိုစတာသစ်များကို ဖော်ပြပေးလိုက်ပါတယ်။

Ready Player One ဇာတ်ကားမှာ Tye Sheridan, Olivia Cooke, Mark Rylance, Simon Pegg, T.J. Miller, Hannah John-Kamen နှင့် Ben Mendelsohn တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားက ကမ္ဘာပျက်လုဆဲဆဲဖြစ်နေတဲ့ ၂၀၄၅ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အများနှင့်မတူဘဲ အလွန်ထက်မြက်သော James Halliday (Mark Rylance) တီထွင်ခဲ့တဲ့ စိတ်ကူးယဉ်လောက OASIS က လူတွေအတွက် ကွန်းခိုရာဖြစ်လာပါတယ်။ Halliday သေဆုံးသွားတဲ့အခါမှာတော့ OASIS ထဲက တစ်နေရာမှာ ဝှက်ထားခဲ့တဲ့ ဒစ်ဂျစ်တယ် Easter egg ကို ရှာဖွေနိုင်သူအတွက် သူ့ရဲ့ များပြားလှတဲ့ အမွေတွေကို ထားခဲ့တာကြောင့် တစ်လောကလုံးကို ဖမ်းစားထားတဲ့ ပြိုင်ပွဲကြီးဖြစ်ပေါ်လာပါတယ်။ သူများနှင့်မတူတဲ့ လူစွမ်းကောင်းလေး Wade Watts (Tye Sheridan) က ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ပဟေဠိတွေ၊ ရှာဖွေတွေ့ရှိမှုတွေနှင့် အန္တရာယ်တွေရှိနေတဲ့ ဆန်းကြယ်တဲ့ လောကကြီးထဲမှာ သေလောက်တဲ့ ရတနာသိုက် ရှာဖွေရေးထဲကို ခြေစုံပစ်ထည့်ခံလိုက်ရပါတော့တယ်။

A Warner Bros. Pictures, Village Roadshow Pictures နှင့် DreamWorks Pictures production တို့ရဲ့ Ready Player One ဇာတ်ကားကို Spielberg က ရိုက်ကူးထားပြီး De Line Pictures အဖွဲ့အစည်အောက်မှာ Donald De Line, Dan Farah နှင့် Kristie Macosko Krieger တို့နှင့်အတူ ထုတ်လုပ်ထားပါတယ်။ Bruce Berman က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။ Ernest Cline ရဲ့ ဝတ္ထုကို အခြေခံပြီး Cline, Zak Penn နှင့် Eric Eason တို့က ဇာတ်ညွှန်းရေးသားထားပါတယ်။ Alan Silvestri (Back to the Future trilogy) က သီချင်းရေးဖွဲ့ပေးထားပါတယ်။

Ready Player One ဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၉ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Source: Comingsoon