Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Ready Player One ပိုစတာသစ် ထွက်ရှိလာ

Ready Player One ပိုစတာသစ် ထွက်ရှိလာ

| No comment


ရုံတင်ပြသဖို့ တစ်ပတ်တောင်မလိုတော့တာနှင့်အညီ Warner Bros. Pictures က Ready Player One ပိုစတာသစ်ကို ဖော်ပြလိုက်ပါတယ်။

ဒီဇာတ်ကားက ကမ္ဘာပျက်လုဆဲဆဲဖြစ်နေတဲ့ ၂၀၄၅ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အများနှင့်မတူဘဲ အလွန်ထက်မြက်သော James Halliday (Mark Rylance) တီထွင်ခဲ့တဲ့ စိတ်ကူးယဉ်လောက OASIS က လူတွေအတွက် ကွန်းခိုရာဖြစ်လာပါတယ်။ Halliday သေဆုံးသွားတဲ့အခါမှာတော့ OASIS ထဲက တစ်နေရာမှာ ဝှက်ထားခဲ့တဲ့ ဒစ်ဂျစ်တယ် Easter egg ကို ရှာဖွေနိုင်သူအတွက် သူ့ရဲ့ များပြားလှတဲ့ အမွေတွေကို ထားခဲ့တာကြောင့် တစ်လောကလုံးကို ဖမ်းစားထားတဲ့ ပြိုင်ပွဲကြီးဖြစ်ပေါ်လာပါတယ်။ သူများနှင့်မတူတဲ့ လူစွမ်းကောင်းလေး Wade Watts (Tye Sheridan) က ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ပဟေဠိတွေ၊ ရှာဖွေတွေ့ရှိမှုတွေနှင့် အန္တရာယ်တွေရှိနေတဲ့ ဆန်းကြယ်တဲ့ လောကကြီးထဲမှာ သေလောက်တဲ့ ရတနာသိုက် ရှာဖွေရေးထဲကို ခြေစုံပစ်ထည့်ခံလိုက်ရပါတော့တယ်။

Zak Penn နှင့် Ernest Cline တို့၏ ဇာတ်ညွှန်းကို အော်စကာသုံးထပ်ကွမ်းဆုရှင် Steven Spielberg (Schindler’s List, Saving Private Ryan) က ရိုက်ကူးထားတာဖြစ်ပါတယ်။ The New York Times Best Seller စာရင်းမှာ ရက်သတ္တပတ် ၁၀၀ ကျော် ရပ်တည်ခဲ့တဲ့ Cline ၏ ဝတ္ထုကို အခြေခံထားတာဖြစ်ပါတယ်။ Ready Player One ဇာတ်ကားကို Donald De Line, Dan Farah နှင့် Kristie Macosko Krieger တို့နှင့်အတူ Spielberg က ထုတ်လုပ်ထားပါတယ်။ Adam Somner, Daniel Lupi, Chris deFaria နှင့် Bruce Berman က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။

Ready Player One ဇာတ်ကားမှာ Tye Sheridan (X-Men: Apocalypse, Mud), Olivia Cooke (Me and Earl and the Dying Girl, Bates Motel), Ben Mendelsohn (Rogue One: A Star Wars Story, Bloodline), Lena Waithe (Master of None), T.J. Miller (Deadpool), Philip Zhao, Win Morisaki, Hannah John-Kamen (Star Wars: The Force Awakens), Simon Pegg (the Star Trek and Mission: Impossible movies) နှင့် အော်စကာဆုရှင် Mark Rylance (Bridge of Spies, Dunkirk) တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ready Player One ဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၉ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Source: Comingsoon

RII

#celebrity.thihtoolwin.com

Source: Billboard