Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / SBS ဇာတ်လမ်းတွဲသစ်တွင် Lee Jong Suk ပါဝင်မည်ဖြစ်ကြောင်း အတည်ပြု

SBS ဇာတ်လမ်းတွဲသစ်တွင် Lee Jong Suk ပါဝင်မည်ဖြစ်ကြောင်း အတည်ပြု

| No comment


Lee Jong Suk က SBS ရုပ်သံမှ ထုတ်လွှင့်မည့် ဇာတ်လမ်းတွဲတိုမှတဆင့် ပရိသတ်များနှင့် တွေ့ဆုံသွားမှာဖြစ်ပါတယ်။

“Lee Jong Suk က အပိုင်း ၂ ပိုင်းပါဝင်တဲ့ ‘Hymn of Death’ ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ အတည်ပြုလိုက်ပါပြီ။ ဇာတ်လမ်းတွဲတိုတွေကို မြတ်နိုးတဲ့ သူ့ရဲ့ စိတ်ကို ဖော်ပြဖို့အတွက် သတ်မှတ်ထားတဲ့ အနုပညာကြေးအတိုင်း မယူဖို့လည်း ဆုံးဖြတ်ထားပါတယ်။ ‘While You Were Sleeping’ ဇာတ်လမ်းတွဲမှာ လက်တွဲခဲ့တဲ့ ထုတ်လုပ်သူ ဒါရိုက်တာ Park Soo Jin ကို အားပေးထောက်ခံတဲ့အနေနှင့် ဒီဇာတ်ကားကို တွဲဖက်ထုတ်လုပ်သွားမှာပါ” လို့ မတ်လ ၁၂ ရက်တွင် SBS ရုပ်သံမှ ကြေညာခဲ့ပါတယ်။

‘Hymn of Death’ ဆိုတာကတော့ ကိုရီးယားနိုင်ငံ၏ ပထမဆုံး ဆိုပရာနိုအဆိုတော် Yun Sim Deok ရဲ့ ၁၉၂၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အကျော်ကြားဆုံး သီချင်းအမည်ဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက သူမ၏ ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ဇာတ်လမ်းနှင့် musical အဖြစ် ရိုက်ကူးခဲ့ကြပါတယ်။ SBS ရုပ်သံမှ ရိုက်ကူးမည့် ဇာတ်လမ်းမှာ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်နှင့် ခြားနာတဲ့အချက်ကတော့ Yun Sim Deok နှင့် ပြဇာတ်ရေးဆရာ Kim Woo Jin တို့ရဲ့ ဝမ်းနည်းဖွယ် အချစ်ဇာတ်လမ်းကိုသာမကပဲ လူသိနည်းတဲ့ Kim Woo Jin ၏ လက်ရာများကိုလည်း ပြသသွားမှာပဲဖြစ်ပါတယ်။

Lee Jong Suk က ပါရမီရှင် ပြဇာတ်ရေးဆရာ Kim Woo Jin အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါရိုက်တာ Park Soo Jin က “Lee Jong Suk က အလွန်အမင်း စိတ်ဆင်းရဲနေရတဲ့ ပညာရှင်တစ်ယောက်နှင့် ချစ်မိနေတဲ့ လူငယ်လေး Kim Woo Jin ရဲ့ စရိုက်နှစ်မျိုးကို အပြည့်အဝ ပုံဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီဇာတ်လမ်းမှာ ပါဝင်ဖို့ သဘောတူရုံသာမကပဲ သတ်မှတ်ထားတဲ့ အနုပညာကြေးအတိုင်း မယူဖို့ ဆုံဖြတ်လိုက်တဲ့ အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

RII

#celebrity.thithtoolwin.com

Source: Soompi