Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Shawn Mendes ၏ 'In My Blood' သီချင်းသစ် ထွက်ရှိလာ

Shawn Mendes ၏ 'In My Blood' သီချင်းသစ် ထွက်ရှိလာ

| No comment


Shawn Mendes ကတော့ ပရိသတ်ကြီးရဲ့ အကူအညီကို လိုအပ်နေပါပြီ။ မတ်လ ၂၂ ရက်က ထွက်ရှိလာတဲ့ အားငယ်ဖွယ် သီချင်းသစ် 'In My Blood' ရဲ့ ပထမဆုံး စာသားမှာ အဲ့ဒီလို သီဆိုထားပါတယ်။ ညင်သာတဲ့ acoustic ဂစ်တာနှင့်အတူ Mendes က "Help me, it's like the walls are caving in/ Sometimes I feel like giving up, but I just can't/ It isn't in my blood," ဆိုပြီး အရေးတကြီးလေသံမျိုးနှင့် တောင်းဆိုထားပါတယ်။

Mendes ၏ ထွက်ခဲ့သမျှထဲမှာ အရင့်ကျက်ဆုံးဖြစ်တဲ့ ဒီသီချင်းမှာ အလျှင်အမြန်ပဲ အရှိန်တက်လာပြီး ဒရမ်သံများ ပါဝင်လာပြီး "it isn't in my blood." ဆိုတဲ့ Mendes ၏ အသံက တစ်ဟုန်ထိုးတက်လာပါတယ်။ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်က တတိယမြောက် အယ်လ်ဘမ်အတွက် ပြင်ဆင်နေပြီး ထွက်ရှိလာမည့် ရက်စွဲကိုတော့ မကြေညာသေးပါဘူး။ “ဒီအယ်လ်ဘမ်ကို ပြင်ဆင်နေတုန်းမှာ ကျွန်တော် တော်တော်တိတ်ဆိတ်နေခဲ့တယ်ဆိုတာ သိပါတယ်။ ကျွန်တော့်ကို အမြဲတမ်းအားပေးနေတဲ့အတွက် ကျွန်တော့်နှလုံးသားတစ်ခုလုံးနှင့် ကျေးဇူးတင်ချင်ပါတယ်” လို့ Mendes က ပရိသတ်များထံ မတ်လ ၂၁ ရက်က စာရေးသားခဲ့ပါတယ်။

'In My Blood' သီချင်းကို Mendes နှင့် Teddy Geiger တို့က ထုတ်လုပ်ထားပြီး သက်တမ်းရှည် လက်တွဲခဲ့တဲ့ Scott Harris နှင့် Geoff Warburton တို့နှင့်အတူ တွဲဖက်ရေးသားထားပါတယ်။ ဒီသီချင်းကို မတ်လ ၂၈ ရက်တွင် The Late Late Show with James Corden အစီအစဉ်မှာ ပွဲဦးထွက် ဖျော်ဖြေမှာဖြစ်ပါတယ်။ ပရိသတ်များက "Laying on the bathroom floor, feeling nothing/ I'm overwhelmed and insecure, give me something/ I could take to ease my mind slowly/ Just have a drink and you'll feel better/ Just take her home and you'll feel better." ဆိုတဲ့ စာသားများပါဝင်တဲ့ သီချင်ထဲမှာ ဖော်ပြထားတဲ့ ပွင့်လင်းမှုအတွက် ချီးကျူးထားကြပါတယ်။

In My Blood -
                 


RII

#celebrity.thithtoolwin.com

Source: Billboard