Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Shawn Mendes ၏ 'Lost In Japan' သီချင်းသစ် ထွက်ရှိလာ

Shawn Mendes ၏ 'Lost In Japan' သီချင်းသစ် ထွက်ရှိလာ

| No comment


Shawn Mendes က သီချင်းသစ် ၂ ပုဒ်တွဲ ထုတ်ပေးလိုက်ပါတယ်။ ၁ နှစ်နီးပါးအတွင်းမှာ ပထမဆုံးအဖြစ် “In My Blood” သီချင်း ထွက်ရှိလာပြီး နာရီပိုင်းအတွင်းမှာပဲ ကနေဒါလူမျိုး အဆိုတော်က နောက်ထပ်သီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့ 'Lost In Japan' ကို မျှဝေလိုက်ပါတယ်။

“နောက်ထပ် သီချင်းတစ်ပုဒ် ပေးချင်ပါတယ်” လို့ ညသန်းခေါင်ယံအချိန်တွင် twitter မှာ ရေးသားခဲ့ပါတယ်။

“Do you got plans tonight?/I'm a couple hundred miles from Japan, and I was thinking I could fly to your hotel tonight/'Cause I can't get you off my mind,” ဆိုပြီး ညင်သာတဲ့ စန္ဒရားသံနှင့် စဖွင့်ထားပြီး bass သံဘက်သို့ ပြောင်းလဲသွားသော သီချင်းသစ်မှာ သီဆိုထားပါတယ်။ ဒီသီချင်းကို Mendes က Teddy Geiger နှင့် Louis Bell တို့နှင့်အတူ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

“In My Blood” နှင့် “Lost in Japan” သီချင်းတို့ဟာ ၂၀၁၇ ခုနှစ်၊ ဧပြီလက “There’s Nothing Holdin’ Me Back” သီချင်းထွက်ရှိခဲ့ပြီးနောက်မှာ ထွက်ရှိလာတဲ့ သီချင်းသစ်များဖြစ်ပြီး အသစ်ထွက်ရှိလာမည့် အယ်လ်ဘမ်သစ်မှာ ပါဝင်မှာဖြစ်ပါတယ်။

Lost in Japan -
                 

RII

#celebrity.thihtoolwin.com

Source: Billboard