Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Solo: A Star Wars Story နိုင်ငံတကာ ပိုစတာသစ်များ ထွက်ရှိလာ

Solo: A Star Wars Story နိုင်ငံတကာ ပိုစတာသစ်များ ထွက်ရှိလာ

| No comment

Walt Disney Pictures နှင့် Lucasfilm က Solo: A Star Wars Story ဇာတ်ကားအတွက် ဇာတ်ကောင်များကို ပန်းချီဆွဲထားသော နိုင်ငံတာကာ ပိုစတာသစ်များကို ဖော်ပြလိုက်ပါပြီ။

Solo: A Star Wars Story ဇာတ်ကားမှာ Millennium Falcon ကို စီးနှင်းပြီး galaxy far, far away ကို ခရီးနှင်ရင်း အာကာသထဲက လူချစ်လူခင်အပေါများဆုံး လူလိမ်လူညစ်နှင့်အတူ စွန့်စားခန်းထွက်ရမှာဖြစ်ပါတယ်။ မှောင်မိုက်ပြီး အန္တရာယ်များတဲ့ ဒုစရိုက်လောကထဲက အကြိမ်ကြိမ် စွန့်စားလွတ်မြောက်လာရာမှတဆင့် Han Solo ဟာ အနာဂတ်မှာ သူ့ရဲ့ တွဲဖက်ပိုက်လော့ဖြစ်လာမည့် Chewbacca နှင့် နာမည်ဆိုးနှင့် ကျော်ကြားတဲ့ လောင်းကစားသမား Lando Calrissian တို့နှင့် တွေ့ဆုံခဲ့ပြီး Star Wars saga ရဲ့ အများနှင့်မတူတဲ့ သူရဲကောင်းတွေထဲက တစ်ယောက်ဖြစ်လာမည့် လမ်းကြောင်းကို လျှောက်လှမ်းခဲ့ပါတယ်။

Solo: A Star Wars Story ဇာတ်ကားမှာ Hail, Caesar’s Alden Ehrenreich က Han အဖြစ်၊ Atlanta’s Donald Glover က Lando Calrissian အဖြစ်၊ The Force Awakens‘ Joonas Suotamo က Chewbacca အဖြစ်ပါဝင်ထားပါတယ်။ Woody Harrelson က Han ရဲ့ ဆရာ Beckett အဖြစ်၊ Game of Thrones‘ Emilia Clarke, Westworld‘s Thandie Newton, Avengers‘ Paul Bettany, နှင့် Fleabag‘s Phoebe Waller-Bridge တို့လည်းပါဝင်ထားပါတယ်။

ဒါရိုက်တာ Phil Lord နှင့် Christopher Miller တို့ Solo: A Star Wars Story ဇာတ်ကားမှ နှုတ်ထွက်သွားပြီးနောက်မှာ Lucasfilm က ဒါရိုက်တာ Ron Howard (A Beautiful Mind, The Da Vinci Code) ကို အစားထိုး ခေါ်ယူခဲ့တာဖြစ်ပါတယ်။ Howard က လက်လွှဲယူလိုက်ချိန်မှာ ဇာတ်ကားက ၄ ပုံ ၃ ပုံလောက်ရိုက်ကူးပြီးသာဖြစ်တဲ့အတွက် အပြီးသတ်ဇာတ်ကားအတွက် ဘယ်လိုခွဲဝေပြီး မှတ်တမ်းတင်မယ်ဆိုတာ မသိရပါဘူး။

Solo: A Star Wars Story ဇာတ်ကားကို ၂၀၁၈ ခုနှစ် မေလ ၂၅ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Source: Comingsoon