Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / The Boss Baby: Back in Business ဇာတ်လမ်းတွဲနမူနာ ထွက်ရှိလာ

The Boss Baby: Back in Business ဇာတ်လမ်းတွဲနမူနာ ထွက်ရှိလာ

| No comment

Alec Baldwin နှင့် Steve Buscemi တို့ အသံသရုပ်ဆောင်ထားတဲ့ The Boss Baby ရုပ်ရှင်ကို ကြိုက်နှစ်သက်တဲ့ ပရိသတ်များကတော့ သဘာဝကို လွန်ဆန်ပြီး ထူးခြားထက်မြက်နေတဲ့ ပေါက်စလေးကို ထပ်မံရှုစားရတော့မှာဖြစ်ပါတယ်။ အသစ်ပြသမည့် The Boss Baby: Back in Business ဇာတ်လမ်းတွဲနမူနာ အသစ်စက်စက်ကို Netflix က ထုတ်ပေးလိုက်ပါပြီ။ ဒီတစ်ခါမှာ ဖော်ပြထားတဲ့ တစ်ဦးတည်းသော သရုပ်ဆောင်ကတော့ မူလရုပ်ရှင်မှာ Tim အဖြစ် အသံသရုပ်ဆောင်ထားတဲ့ Miles Bakshi ဖြစ်ပါတယ်။

Boss Baby တစ်ယောက် အစ်ကိုလည်းဖြစ် partner-in-crime လည်းဖြစ်တဲ့ Tim ရဲ့ အကူအညီနှင့် ခေတ်သစ် လုပ်ငန်းရှင် ပေါက်စလေးအတွက် မဖြစ်နိုင်သလောက်နီးပါးရှိတဲ့ အလုပ်နှင့်ဘဝကို ဟန်ချက်ညီအောင်ကြိုးစားရင်း ခက်ထန်တဲ့ Baby Corp မှာ ဆက်လက်ပြီး အလုပ်လုပ်ဖို့ လမ်းကြောင်းရှာရပါတော့တယ်။ Emmy ဆုရှင် အမှုဆောင်ထုတ်လုပ်သူ Brandon Sawyer (Penguins of Madagascar) ထုတ်လုပ်ထားတဲ့ ဇာတ်လမ်းတွဲကို DreamWorks Animation က Netflix မှာ ဧပြီလ ၆ ရက်မှ ပြသသွားမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Boss Baby ရုပ်ရှင်က ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Marla Frazee ၏ အမည်တူ စာအုပ်ကို အခြေခံထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Baldwin, Buscemi, Bakshi, Jimmy Kimmel, Lisa Kudrow နှင့် Conrad Vernon တို့က အသံသရုပ်ဆောင်ထားပါတယ်။

Trailer:


RII

#celebrity.thithtoolwin.com

Source: Comingsoon