Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / စစ်မှုထမ်းဖို့ ရွှေ့ဆိုင်းလိုက်တဲ့ Lee Jong Suk

စစ်မှုထမ်းဖို့ ရွှေ့ဆိုင်းလိုက်တဲ့ Lee Jong Suk

| No comment

Lee Jong Suk က ဩဂုတ်လ ၁၀ ရက်မှာ စစ်မှုထမ်းဖို့ ဇွန်လက လက်ခံရရှိခဲ့တဲ့တာကို ရွှေ့ဆိုင်လိုက်ပါတယ်။

YG Entertainment က “Lee Jong Suk က နိုင်ငံတော်ထံမှ အကြောင်းကြားစာကို မကြာသေးခင်က လက်ခံရရှိခဲ့ပြီး စစ်မှုထမ်းဖို့ စဉ်းစားသုံးသပ်ခဲ့ပါတယ်။ ဒါပေမယ့် အသစ်ထွက်ရှိလာမည့် ရုပ်ရှင်သစ်နှင့် ဇာတ်လမ်းတွဲသစ်အတွက် ခေါင်းဆောင်မင်းသားတစ်ယောက်အနေနှင့် တာဝန်ရှိတယ်လို့ ခံစားမိတာကြောင့် အချိန်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ ဖော်ပြထားပါတယ်။

မင်းသားကလည်း “ကျွန်တော်နဲ့ သက်တူရွယ်တူတွေထက် စစ်မှုထမ်းတာ နောက်ကျသွားလို့ အားနာမိပါတယ်။ ဒါပေမယ့် ကျွန်တော် လုပ်လက်စအလုပ်တွေ လက်စသတ်ပြီးရင် ကိုရီးယားနိုင်ငံသား ယောက်ျားတစ်ယောက်အနေနှင့် အကောင်းဆုံးကြိုးစားပြီး တာဝန်ထမ်းဆောင်သွားမှာပါ။ ကျွန်တော် စစ်မှုထမ်းရမယ့် အချိန်ရောက်လာရင် သေချာပေါက် ပရိသတ်တွေကို အရင်ဆုံး နှုတ်ဆက်မှာပါ” လို့ ပြောပြခဲ့ပါတယ်။

YG Entertainment က “အဲ့ဒီအချိန်ရောက်လာတဲ့အထိ သဘောထားကြီးကြီးနှင့် နားလည်ပေးဖို့ တောင်းဆိုပါတယ်။ ကျန်ရှိနေတဲ့အချိန်တွေမှာ Lee Jong Suk က ဇာတ်ကားကောင်းတွေကတဆင့် ပရိသတ်တွေနှင့် ဆုံတွေ့နိုင်အောင် ထောက်ခံအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ပြောကြားပြီး ကြေညာချက်ကို အဆုံးသတ်ခဲ့ပါတယ်။
   
          RII

         #celebrity.thihtoolwin.com

           Source: Soompi