Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Justin Bieber ရဲ့ Purpose အယ်လ်ဘမ် ၊ ဒီတစ်ပတ်အတွက် ရောင်းအား အကောင်းဆုံး ဖြစ်နေ

Justin Bieber ရဲ့ Purpose အယ်လ်ဘမ် ၊ ဒီတစ်ပတ်အတွက် ရောင်းအား အကောင်းဆုံး ဖြစ်နေ

| No comment



ဒီလို အချိန်အခါကို ရောက်မလာခင်ကတည်းက ဂီတ ပရိတ်သတ်တွေနဲ့ ဂီတ အသိုင်းအ၀ိုင်းက လူတွေစောင့်ကြည့်ချင်နေခဲ့တဲ့ အရာကတော့ အမေရိကန် ပေါ့ပ်နဲ့ ရက်ပ် အဆိုတော် Justin Bieber နဲ့ ဗြိတိန် အမျိုးသား အဖွဲ့ One Direction တို့ရဲ့ အခွေ ၂ ခွေ ဘယ်အခွေ က ပိုမိုရောင်းအားကောင်းလာမလဲဆိုတာပါ။

Justin Bieber ရော ၊ One Direction ပါ မိန်းကလေး ပရိတ်သတ် အများအပြားရှိနေပြီး လူစိတ်ဝင်စားမှု နှုန်းကလည်း အထိုက်အလျောက် မြင့်မားကျသူတွေဖြစ်ပါတယ်။ အခုတော့ Billboard ရဲ့ အကောင်းဆုံး သီချင်းခွေ ၂၀၀ စာရင်းရဲ့ နံပါတ် ၁ မှာတော့ Justin Bieber က ရပ်တည်နေပြီး One Direction ကို အလဲထိုးလိုက်ပါပြီ။

မကြာသေးမီကမှ ထုတ်လုပ်လိုက်တဲ့ Justin Bieber ရဲ့ Purpose ဆိုတဲ့ အယ်လ်ဘမ်ဟာ အချပ်ရေ ၆၄၉,၀၀၀ ချပ်ထိ ရောင်းချနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ် ရဲ့ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်လည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Justin Bieber အတွက် စိတ်မကောင်းစရာဖြစ်ခဲ့တာက ထိုအရေအတွက် ရဲ့ ၈၀ ရာခိုင်နှုန်းသာ အမှန်အကန်ရောင်းချနိုင်ခဲ့တာဖြစ်ပြီး ၅၂၂၀၀ ကတော့ ပြန်လည်ကူးယူ ရောင်းချရတဲ့(Copies)အခွေတွေဖြစ်နေခဲ့ပါတယ်။

One Direction အဖွဲ့ကတော့ Adele ရဲ့ 25 ဆိုတဲ့ အယ်လ်ဘမ် ကိုတောင် ကျော်လွန်နိုင်ခြင်း မရှိခဲ့ပါဘူး။ One Direction အဖွဲ့ရဲ့ Made in the A.M ဆိုတဲ့ အခွေဟာ စတုထ္ထရောင်းအား အကောင်းဆုံး အဆင့်မှာသာ ရှိနေခဲ့ပြီး အချပ်ရေပေါင်း ၄၅၉၀၀၀ ချပ် ရောင်ချနိုင်ခဲ့ပါတယ်တဲ့။ စစ်မှန်တော့ ရောင်းအားကတော့ ထို ပမာဏ ရဲ့ ၈၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီတပတ်အတွက် Billboard ရဲ့ အကောင်းဆုံး ၁၀ ခွေစာရင်းထဲပါဝင်လာတဲ့ အခွေသစ်တွေ ကတော့ Logic ရဲ့ The Incredible True Story နဲ့ The Weekend ရဲ့ Beauty Behind The Madness တို့ပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse