Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သိပ္ပံရုပ်ရှင်ဇာတ်ကား ‘Valerian’ မှာ ပါဝင် သရုပ်ဆောင်မယ့် Rihana

သိပ္ပံရုပ်ရှင်ဇာတ်ကား ‘Valerian’ မှာ ပါဝင် သရုပ်ဆောင်မယ့် Rihana

| No comment

နာမည်ကျော်အဆိုတော် Rihana ဟာ အဆိုဘက်မှာတင်မကပဲ သရုပ်ဆောင်လောကကိုပါ နယ်ချဲ့ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။ သူမဟာခေတ်လွန်သိပ္ပံ ရုပ်ရှင် Valerian မှာ ပါဝင်သရုပ်ဆောင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အဲ့ဒီဇာတ်ကားကိုတော့ Loud ဇာတ်ကားကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ Luc Besson က ရိုက်ကူးမှာဖြစ်ပြီး Rihana ကို ဘယ်အပိုင်းမှာ သရုပ်ဆောင်စေမယ်ဆိုတာ အတိအကျတော့
မသိရသေးပါဘူး။


ဒါပေမယ့် သူမကိုတော့ အရေးပါတဲ့ ဇာတ်ကောင်တစ်နေရာမှာ သရုပ်ဆောင်စေမယ်လို့ သိရပါတယ်။ " Valerian ဇာတ်ကားမှာ Rihana ပါလာမယ်ဆိုတော့ ရိုက်ကူးရမယ့် ကျွန်တော်ကတော့ အရမ်းကို စိတ်လှုပ်ရှားမိတယ်" လို့ ဒါရိုက်တာ Luc Besson က သူ့ရဲ့ Instagram မှာ ရေးသားထားခဲ့ပါတယ်။ ဒါပေမယ့် Rihana ဟာ သရုပ်ဆောင်ပညာမှာ အရမ်း မလေ့လာရသေးတာကြောင့် သူမအနေနဲ့ သရုပ်ဆောင် ဇာတ်ကောင်တစ်ယောက်ဖြစ်လာဖို့ အရည်အချင်းမလုံလောက်သေးဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။


ဒီဇာတ်ကားဟာ သူမအတွက် ပထမဆုံးမဟုတ်ခဲ့ဘဲ ၂၀၁၂ ခုနှစ်က Battleship , Home နဲ့ Annie စတဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်ဖူးခဲ့တယ်လို့ သိရပါတယ်။ သူမဟာ  Valerian ဇာတ်ကားမှာ  Cara Delevingne နဲ့တွဲဖက် သရုပ်ဆောင်ရမှာဖြစ်ပြီး  Dane DeHaan ကတော့ အဓိက ဇာတ်ကောင်အဖြစ်ပါဝင်မှာပါ။ ဒါရိုက်တာ Luc Besson ကလည်း နာမည်ကျော် ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး The Fifth Element ဆိုတဲ့ စွန့်စားရုပ်ရှင်နဲ့ နာမည်ကျော်ခဲ့ပြီး Taken ဇာတ်လမ်းတွေမှာလည်း
တာဝန်ကျေပွန်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။


(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Theboombox