Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Adele အတွက် ပင်ပန်းစရာ ဝိတ်လျှော့လေ့ကျင့်ခန်း

Adele အတွက် ပင်ပန်းစရာ ဝိတ်လျှော့လေ့ကျင့်ခန်း

| No comment


Hello သီချင်းနဲ့ အောင်မြင်မှုတွေကို တစ်ဖန်ပြန်လည် ရယူထားနိုင်တဲ့ တေးသံရှင် Adele ဟာ ဆိုရင်တော့ သူ့အတွက် အခက်ခဲဆုံးအလုပ်ဖြစ်တဲ့ gym ကစားတာကို လုပ်ဆောင်နေရပါပြီ။ သူမဟာ သူမရဲ့ ဆယ်လလောက်ကြာမြင့်မယ့် နယ်လှည့်ဖျော်ဖြေပွဲတွေအတွက် အခုလို ဝိတ်ချတဲ့ လုပ်ငန်းတွေကို ဂရုစိုက်လုပ်ဆောင်နေရတာဖြစ်ပါတယ်။ သူမအတွက်တော့ gym ကစားရတာဟာ အရမ်းကိုပျင်းဖို့ကောင်းလွန်းတယ်လို့ Adele က ဖွင့်ဟထားဖူးပါတယ်။

သူမဟာ gym ကစားနေချိန်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို သူမရဲ့ instgram စာမျက်နှာပေါ်ကို တင်ထားခဲ့ပြီး " အဆင်သင့်ဖြစ်နေပြီ " လို့ ညွှန်းဆိုထားခဲ့ပါတယ်။ သူမဟာ မိတ်ကပ်လိမ်းခြယ်ထားခြင်းမရှိတဲ့ ပကတိမျက်နှာနဲ့ gym ကစားနေတဲ့ ဓာတ်ပုံကို အဖြူအမည်းပြုလုပ်ပြီး တင်ထားခဲ့ပါတယ်။

ဂီတလောကကနေ သုံးနှစ်လောက် ပျောက်ကွယ်နေခဲ့တဲ့ Adele ဟာ သူမရဲ့ ပြောင်းလဲသွားတဲ့ ခန္ဒာကိုယ်ပုံစံဟာ အခုလို ပျင်းစရာကောင်းတဲ့ gym လေ့ကျင့်ခန်းတွေကြောင့်နဲ့ အစားအသောက်ရှောင်ရှားခဲ့တာတွေကြောင့် ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ သူမဟာ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အရက်၊ စီးကရက် ၊ ကဖိန်းဓာတ်တွေနဲ့ အဆီဖြစ်စေမယ့် အစားအစာတွေကို ရှောင်ကြဉ်ခဲ့ရပြီး အစာပျော့တွေကိုသာ စားသုံးခဲ့ရတယ်လို့လည်း သိရပါတယ်။


( Paing A K )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com


Ref : Dailymail