Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ခင်ပွန်းဖြစ်သူ Rene Angelil ကို အောက်မေ့တမ်းတတဲ့အနေနဲ့ တက်တူးထိုးမယ့် Celine Dion

ခင်ပွန်းဖြစ်သူ Rene Angelil ကို အောက်မေ့တမ်းတတဲ့အနေနဲ့ တက်တူးထိုးမယ့် Celine Dion

| No comment

ခင်ပွန်းဖြစ်သူ René Angélil ကို ဂုဏ်ပြုတဲ့အနေနဲ့ တက်တူးထိုးဖို့ ရှိပါသတဲ့။
အသက် ၄၈ နှစ်အရွယ် ကနေဒါနိုင်ငံဖွား နာမည်ကျော် အဆိုတော်ဟာ အသက် ၇၃ နှစ်မှာ ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူ Angélil နဲ့ ပတ်သက်တဲ့ သူ့ရဲ့အစီစဉ်ကို Vogue ရဲ့ ဗီဒီယိုအင်တာဗျူးတစ်ခုမှာ ပြောကြားထားတာဖြစ်ပါတယ်။

 “ ခင်ပွန်း ကွယ်လွန်သွားပြီးတော့ သူ့ရဲ့ နှလုံးခုန်သံအဖြစ် ကျွန်မ တက်တူးထိုးမလို့ပါ။ သူ့ရဲ့ နှလုံးခုန်သံအတိုင်း ကျွန်မခန္ဓကိုယ်ပေါ်မှာ တက်တူးထိုးလိုက်ပြီး ဘ၀တစ်လျှောက်လုံး သူက ကျွန်မနဲ့အတူရှိနေသလို ဖြစ်နေမှာပါ “ လို့ သူက ဆိုထားပါတယ်။

Dion နဲ့ သူရဲ့ မန်နေဂျာအဖြစ် တာဝန်ယူခဲ့သူ Ange’lil  တို့ဟာ ၁၉၉၄ ခုနှစ်က လက်ထပ်ခဲ့ကြပြီး ၁၅ နှစ်သား Rene-Charles နဲ့ ၅ နှစ်သား အမွှာလေးတွေဖြစ်တဲ့ Nelson နဲ့ Eddy တို့ကို မွေးဖွားခဲ့ကြပါတယ်။ Angélil ဟာ ကင်ဆာရောဂါဝေဒနာ နှစ်ရှည်လများ ခံစားခဲ့ရပြီး ဇန်န၀ါရီလက ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

( Michelle )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)


Ref : UPI