Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ၂၀၁၆ ခုနှစ် MAMA ဆုပေးပွဲတွင် BTS အဖွဲ့က Artist Of The Year ဆုကို ဆွတ်ခူးခဲ့

၂၀၁၆ ခုနှစ် MAMA ဆုပေးပွဲတွင် BTS အဖွဲ့က Artist Of The Year ဆုကို ဆွတ်ခူးခဲ့

| No comment

ကိုရီးယားနိုင်ငံနှင့် အာရှတစ်လွှားက ထိပ်တန်းအနုပညာရှင်တွေပါဝင်တဲ့ ၂၀၁၆ ခုနှစ် MAMA ဆုပေးပွဲကို ကိုရီးယားစံတော်ချိန် ဒီဇင်ဘာလ ၂ ရက်က ကျင်းပခဲ့ပါတယ်။

သရုပ်ဆောင်များ၊ ထုတ်လုပ်သူများ၊ အကပညာရှင်များနှင့် k-pop အနုပညာရှင်များက ဆုပေးပွဲတက်ရောက်ဖို့အတွက် ဟောင်ကောင်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။အာရှဂီတလောကထဲက အတော်ဆုံးတွေကို ဂုဏ်ပြုဖို့အတွက် အဓိက K-pop ဆု ၂၃ မျိုးနှင့် အာရှတစ်လွှားက ပါရမီတွေကို အသိအမှတ်ပြုသည့်အနေဖြင့် လိုတာထက်ပိုတဲ့ ဆုတွေကို MAMA က ရက်ရက်ရောရော ချီးမြှင်ခဲ့ပါတယ်။

BTS အဖွဲ့ကတော့ MAMA ဆုပေးပွဲကို သုံးကြိမ်မြောက် တက်ရောက်ခဲ့ပြီး Best Dance Performance Male Group ဆုနှင့် ဆုကြီးတွေထဲက တစ်ခုဖြစ်တဲ့ Artist Of The Year ဆုကိုရရှိခဲ့ပါတယ်။ Melon Music Award ဆုပေးပွဲမှာ ပထမဆုံးအနေနှင့် Daesang ဆုကြီးဖြစ်တဲ့ Album Of The Year ဆုကိုရရှိခဲ့ပြီးနောက် MAMA ဆုပေးပွဲမှာ နောက်ထပ်ဆုကြီးတစ်ခုကို ရယူခဲ့ပြီး BTS အဖွဲ့ရဲ့ အောင်မြင်ကျော်ကြားမှုကို အခိုင်အမာစိုက်ထူနိုင်ခဲ့ပါတယ်။



Best Dance Performance Male Group ဆုကို အဖွဲ့ခေါင်းဆောင် J-Hope က လက်ခံခဲ့ပြီး ညနေခင်းကို ဆုတစ်ခုနှင့် စတင်နိုင်တဲ့အတွက် အဖွဲ့က တက်ကြွနေခဲ့ပါတယ်။

ဒါပေမယ့် Artist Of The Year ဆုကို ရရှိတဲ့ အချိန်မှာတော့ အဖွဲ့သားတွေကိုယ်တိုင်တောင် မယုံနိုင်လောက်အောင်ဖြစ်ခဲ့ရပြီး Rap Monster မျက်ရည်တွေကို မျက်တောင်ခတ်ထုတ်ရင်း ရိသတ်တွေကို BTS အဖွဲ့စတင်ခဲ့ကတည်းက အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ မျက်ရည်တွေကို ချုပ်တည်းထားတဲ့ Jungkook နှင့် Sugar တို့ နှစ်ယောက်ကလည်း စင်မြင့်ပေါ်မှာ အဖွဲ့သားတွေနှင့်အတူ ရပ်ရင်း ငိုခဲ့ကြပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Soompi