Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဇူလိုင်လမှာ အယ်လ်ဘမ်အသစ်ထွက်မည့် Girls' Generation အဖွဲ့

၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဇူလိုင်လမှာ အယ်လ်ဘမ်အသစ်ထွက်မည့် Girls' Generation အဖွဲ့

| No comment

Girls' Generation အဖွဲ့က သူတို့ရဲ့ ၁၀ နှစ်ပြည့်အထိန်းအမှတ်ကို ကျင်းပဖို့အတွက် အယ်လ်ဘမ်အသစ်ထွက်မှာဖြစ်ပါတယ်။

Sports DongA ရဲ့ တစ်ဦးပိုင်သတင်း တင်ပြချက်အရ Girls' Generation အဖွဲ့က ဒီနှစ်နွေရာသီမှာ အယ်လ်ဘမ်အသစ်ထွက်ဖို့ စီစဉ်နေပြီး ပွဲဦးထွက်သီချင်း "Into the New World" ထွက်ရှိခဲ့တဲ့ ဇူလိုင်လကုန်ပိုင်း ဩဂုတ်လ ၃ ရက်ဝန်းကျင်ဖြစ်ဖို့များပါတယ်။

အယ်လ်ဘမ်အသစ်အတွက် လတ်တလောမှာ အဖွဲ့လိုက် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း သတင်းတင်ပြထားပါတယ်။ အဖွဲ့ဝင်တွေတော်တော်များက တစ်ကိုယ်တော်ပွဲဦးထွက် လှုပ်ရှားမှုတွေနှင့် သရုပ်ဆောင်မှုတွေကို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

 ဒါကတော့ အဖွဲ့အတွက် ၂၀၁၅ ခုနှစ်တုန်းက 'Lion Heart’ ထွက်ရှိပြီးကတည်းက ၂နှစ်အတွင်းမှာ အချိန်အကြာကြီး စောင့်မျှော်ခဲ့ရတာဖြစ်ပါတယ်။

RII

#celebriy.thithtoolwin.com

Src : MTV