Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , နှစ် ၃၀ကြာပြီးနောက်မှာ Top Gun 2 ကို ရိုက်ကူးတော့မယ်လို့ Tom Cruise ပြော

နှစ် ၃၀ကြာပြီးနောက်မှာ Top Gun 2 ကို ရိုက်ကူးတော့မယ်လို့ Tom Cruise ပြော

| No comment

၁၉၈၆ က ထွက်ခဲ့ပြီး ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ “Top Gun” ဇာတ်ကားကြီးရဲ့ Sequel ကို နှစ်ပေါင်း ၃၀အကြာမျှော်လင့်ခဲ့ရပြီးနောက် တကယ်ထွက်လာတော့မယ်လို့ Tom Cruise က အတည်ပြုခဲ့ပါတယ်။ သြစတြေးလျရှိုးတစ်ခုဖြစ်တဲ့ Sunrise နဲ့ အတင်တာဗျူးမှာ ကောလဟာလသတင်းတွေ ထွက်နေတဲ့ ရုပ်ရှင်အဆက်အတွက် မေးမြန်းခဲ့ရာမှာ သတင်းမှန်ဖြစ်ကြောင်း အတည်ပြုခဲ့ရုံမက “အမှန်ပါပဲ” လို့ ဆိုခဲ့ပါတယ်။ အဲ့ဒီအပြင် “နောက်နှစ်လောက်မှာ” စတင်ရိုက်ကူးဖြစ်မယ်လို့ ဆိုခဲ့ပါတယ်။

ဒီလို တွမ်ကိုယ်တိုင် ကောလဟလတွေကို အတည်ပြုလိုက်တဲ့အခါမှာ Show Host တွေဟာ အလွန်အံ့အားသင့်သွားခဲ့ကြပါတယ်။ ထုတ်လုပ်သူ Jerry Brukheimer ဟာ ဖြစ်နိုင်တဲ့ ဇာတ်ညွှန်းတွေကို ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်လောက်ကတည်းက စတင်ရှာဖွေနေခဲ့တာဖြစ်ပြီး ၂၀၁၅နှောင်းပိုင်းလောက်မှာ Val Kilmer နဲ့ Tom တို့ကို ဒီဇာတ်ကားရဲ့ အဓိကနေရာတွေမှာ ပြန်လည်ပါဝင်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ Cruise ကဆိုပါတယ်။


အဲ့ဒီအပြင် Variety ရဲ့ သတင်းအရ Joseph Kosinski ဟာ Cruise နဲ့ Oblivion ဇာတ်ကားမှာလည်း တွဲဖက်အလုပ်လုပ်ဖူးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဇာတ်ကားသစ်ကို ရိုက်ကူးဖို့ သူ့ကို ငှားရမ်းခဲ့ကြောင်းသိရပါတယ်။ MI6 အတွက် ထုတ်လုပ်ရေးကိုလည်း အမြန်ပြုလုပ်နေပြီး Paramount ကတော့ အတိအကျ မပြောကြားသေးပါဘူး။

ထွက်လာမယ့် Sequel ဇာတ်ကားဟာ ၁၉၈၆ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး Tom Cruise ကို နာမည်ကျော်သွားစေခဲ့တဲ့ အက်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးမျာပါ။ မင်းသားကြီးဟာ ဒီဇာတ်ကားမှာ Pete Mitchell အဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီကားထဲမှာ Tom ရဲ့ ဇာတ်ကောင်ဟာ ဆန်ဒီယေဂိုမှာရှိတဲ့ ရေကြောင်းဆိုင်ရာ တိုက်လေယာဉ်မောင်းသင်တန်းဆင်ထားပြီး ငယ်ရွယ်တက်ကြွတဲ့ လေယာဉ်မှူးတစ်ဦးအနေနဲ့ သရုပ်ဆောင်ခဲ့ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲမင်းသားတစ်လက် ဖြစ်လာပါတယ်။

ဒီနှစ်ထဲမှာလည်း Tom ပါဝင်သရုပ်ဆောင်ထားတဲ့ The Mummy ဇာတ်ကားထွက်လာဦးမှာဖြစ်ပြီး နောက်နှစ်ထဲမှာတော့ Mission: Impossible 6 ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ Top Gun 2 ကိုသာ ထုတ်လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ Top Gun ဇာတ်ကားကို အသစ်တစ်ဖန်အနေနဲ့ တွေ့မြင်ရမှာဖြစ်လို့ စိတ်လှုပ်ရှားစရာပါပဲ။

   Bruce

  #celebrity.thithtoolwin.com

  Ref: Digital Trends