Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Uncharted ရုပ်ရှင်ဇာတ်ကားမှာ Tom Holland က Nathan Drake ငယ်ဘဝအဖြစ် သရုပ်ဆောင်မည်

Uncharted ရုပ်ရှင်ဇာတ်ကားမှာ Tom Holland က Nathan Drake ငယ်ဘဝအဖြစ် သရုပ်ဆောင်မည်

| No comment

ဇာတ်လမ်းတည်ဆောက်နေတာကြာပြီဖြစ်တဲ့ Uncharted ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်တဲ့ စိတ်လှုပ်ရှားဖွယ် တိုးတက်မှုသတင်းတွေကို Deadline က ယူဆောင်လာပါတယ်။ ဒီဇာတ်ကားမှာ Spider-Man မင်းသား Tom Holland က Nathan Drake ငယ်ဘဝအဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားက game series ရဲ့ prequel ဖြစ်ပြီး Uncharted 3: Drake’s Deception ထဲက သူခိုးလူငယ်လေးရဲ့ သူ့ပါတနာ Victor Sullivan နှင့် ပထမဆုံး တွေ့ဆုံခြင်းနှင့် game franchise တစ်ခုလုံးရဲ့ အဖြစ်အပျက်တွေကို စတင်လိုက်တဲ့ ဇာတ်ကွက်ကနေ အခြေခံယူထားတာဖြစ်ပါတယ်။

Mark Boal (The Hurt Locker, Zero Dark Thirty), အော်စကာဆု ဆန်ကာတင်စာရင်းဝင် David O. Russell, Doctor Strange ရဲ့ Thomas Dean Donnelly နှင့် Joshua Oppenheimer, Safe House ရဲ့ David Guggenheim, နှင့် Joe Carnahan တို့ ရေးသားထားတဲ့ ဇာတ်လမ်းမူကြမ်းတွေရှိပေမယ့် ဒီဇာတ်လမ်းပုံစံသစ်ကတော့ အသစ်ရှာဖွေတွေ့ရှိထားတဲ့ အကြောင်းပြချက်ကို ပြန်လည်ရေးသားဖို့အတွက် ဇာတ်ညွှန်ရေးသူ အသစ်ကို ခေါ်ယူမှာဖြစ်ပါတယ်။ video game ကို ဇာတ်ကားအဖြစ် ကူးပြောင်းရိုက်ကူးမည့် ဒါရိုက်တာကတော့ Shawn Levy (Stranger Things, Night at the Museum films, Real Steel) ဖြစ်ပါတယ်။

Naughty Dog နှင့် Sony Interactive တို့ရဲ့ အက်ရှင်စွန့်စားခန်း ဗီဒီယိုဂိမ်း Uncharted: Drake’s Fortune ကို အခြေခံထားတဲ့ ဒီဇာတ်လမ်းမှာ စူးစမ်းရှာဖွေသူ Sir Francis Drake ရဲ့ မျိုးဆက်သစ်ဖြစ်ပြီး ကြိမ်စာသင့်နေတဲ့ ရွှေရုပ်တုက တစ်ဆင့် ဒဏ္ဍာရီလာ တောင်အမေရိက ရွှေမြို့တော် El Dorado ရဲ့ တည်နေရာကို သိလိုက်ရပြီလို့ ယုံကြည်နေတဲ့ ရတနာသိုက်ရှာဖွေသူ Nate Drake  အကြောင်းရိုက်ကူးမှာဖြစ်ပါတယ်။ ပြိုင်ဘက် ရတနာသိုက်ရှာဖွေသူတစ်ယောက်ကလည်း ဒီတိုက်ပွဲမှာ ပါဝင်လာတဲ့အခါ ရှာဖွေမှုက အပြိုင်အဆိုင်တွေများလာပါတော့တယ်။ ရတနာသိုက်ရဲ့ လျှို့ဝှက်ချက်အစစ်မှန်ကို ရှာဖွေသိရှိရဖို့ မျှော်လင့်နေသူတွေကို Spaniards နှင့် Nazis တို့ရဲ့ သန္ဓေပြောင်းမျိုးဆက် သတ္တဝါတွေက တိုက်ခိုက်လာတဲ့အခါမှာတော့ ဇာတ်ရှိန်မြင့်လာပါတော့တယ်။

Drake’s Fortune ရဲ့ ဇာတ်လမ်းဆက် ဂိမ်း ၃ ခုရှိနေပြီး နောက်ဆုံးထွက် Uncharted 4: A Thief’s End ကတော့ ၂၀၁၆ ခုနှစ် မေလမှာ ထွက်ရှိခဲ့ပါတယ်။ တစ်ကိုယ်တော်ရပ်တည်ဖို့ ချဲ့ထွင်ထားတဲ့ ဂိမ်းအသစ် Uncharted: The Lost Legacy ကို ဒီနှစ်ထဲမှာ ပွဲထုတ်မှာဖြစ်ကြောင်း မကြာခင်က ကြေညာခဲ့ပါတယ်။
Uncharted က Arad/Atlas Entertainment Production ကဖြစ်ပြီး Charles Roven, Avi Arad, Alex Gartner, နှင့် Ari Arad တို့က ထုတ်လုပ်မှာဖြစ်ပါတယ်။

Uncharted ရုပ်ရှင်ဇာတ်ကားမှာ Tom Holland က Nathan Drake ငယ်ဘဝအဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။

   RII

 #celebrity.thithtoolwin.com

 Source: Comingsoon